"လာ ဆိုးယ တက်......"
မြင်းကြီးပေါ်ကနေ လက်ကလေးဆန့်ထုတ်ပြီး
သူ့နောက်ကနေတက်ဖို့ခေါ်တယ်....။ဖြစ်ပါ့မလား...?ယောင်းရဲ့....
တော်ကြာ ဦးကြီးဒေါင်းသိသွားရင်.......""အိုး....နောက်ကိစ္စနောက်မှရှင်းမယ်....
ဒီ့ထပ်မှောင်ရင်မကောင်းဘူး....မြန်မြန်လာပါကွာ..."ငြင်းနေလည်းမထူးဘူးဆိုပြီး ယောင်းရဲ့လက်ကိုဖမ်းဆွဲကာ မြင်းပေါ်သို့.......။
ယောင်းငယ်ရဲ့ မာန်ပါတဲ့အမိန့်သံနဲ့အတူ
ဒုန်းစိုင်း ပြေးနေတဲ့မြင်းလေးရဲ့ခေါ်ဆောင်ရာနောက်သို့........။"ယောင်း....ရောက်တော့မှာလား.....?"
"သိပ်တော့မဝေးတော့ဘူး...."
"ခန....ခနနားလို့ရမလား...?ဆိုး မခံနိုင်တော့လို့...."
ကိုယ့်ခါးကိုကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားတဲ့ ဆိုးယရဲ့လက်ကလေးက
တဖြေးဖြေးအားလျော့လာတယ်.....။"ဘာလို့လဲ...?ဘာဖြစ်လို့လဲ....ဆိုးယ...?
နေမကောင်းဘူးလား......?""နည်းနည်း မောလာလို့......"
ဖြေတဲ့အသံမှာပါ ဟောဟဲစိုက်နေတဲ့အသံ.....
ဆိုးယရဲ့ နှလုံးအားနည်းတဲ့ဒါဏ်ကို
ကိုယ်မစဉ်းစားမိခဲ့ဘူး.....
မိုက်ရူးရဲလိုက်တာ ငယောင်းရာ......။"ဆိုးယ....ဆိုးယ....အဆင်ပြေလား...?
ယောင်းငယ် တောင်းပန်ပါတယ်....ယောင်းငယ်စဉ်းစားတာတစ်ချက်လိုသွားတယ်.....။မျက်လုံးဝိုင်းလေးတွေထဲမှာ
စို့နေတဲ့မျက်ရည်လေးတွေနဲ့.......
တကယ်ကို အားနာပြီး...စိတ်ပူနေတဲ့စိတ်ကို အတိုင်းသားမြင်နေရတယ်.....။
ဒါက ပထမဆုံးပဲ....ကိုယ့်ကိုစိတ်ရင်းနဲ့စိတ်ပူပေးတာကို ခံစားမိတာ....။
KAMU SEDANG MEMBACA
GHOST Girlfriend
Fantasiမြင်သူတကာငေးရအောင်လှပပင်မဲ့ ဘဝပေးအခြေနေမလှတာကြောင့် ကြိုးစားရှင်သန်ရင်း မြို့ရွာလေးတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့ ဒေါက်တာrose တဖြစ်လဲ ယောင်းငယ်........၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ရွာငယ်လေးဟာ roseရဲ့ နှလုံးသားတံခါးဝကိုဖွင့်ဖို့သော့ချက်များဖြစ်နေခ...