part-(4)

393 63 1
                                    

ဟုတ်ပါတယ်...ဒီလိုကပိုမှန်တာပေါ့....
ငါတို့ကအခု ဘဝခြားနေပြီပဲ....ငါ့ကိုကြောက်တာဖြစ်သင့်ပါတယ်....ဒါပင်မဲ့ ခနပဲရမယ်....rose..
မင်းခန္ဓာကိုယ်ထဲမှာရှိတဲ့
ယောင်းကိုငါကပြန်ပြီး ဆွဲထုတ်တော့မှာ
မရ,ရတဲ့နည်းနဲ့ ငါ့ဆီကိုပြန်လာစေရမယ်....။
အရင်ကလိုမျိုး ငါတို့အတူတူပြန်ဖြစ်ကြမယ်...
ခနပဲတောင့်ခံထားပေးပါ ယောင်းလေးရေ.....။

"ဒါဆို ဒီဘက်ကိုလှည့်မကြည့်နဲ့ အခုငါ့ပုံစံကို
မင်း ကြောက်နေလိမ့်မယ်...."

"အွန်း...အွန်း...ငါမျက်လုံးမှိတ်ထားမယ်...."

"ဒါဆို အဆင်သင့်ဖြစ်ပြီလား.....?"

"ဘာကို.......?"

"သွားစို့....."

သွားစို့ ဆိုတဲ့စကားသံရဲ့နောက်မှာ
လေဟာနယ်ထဲကိုအားနဲ့အင်နဲ့ပြုတ်ကျသွားသလို အူတွေအသည်းတွေပြုတ်ထွက်မတတ်
အရှိန်အဟုန်ပြင်းစွာမျောလွင့်နေရင်းက
ရုတ်တရက်ကြီး ရပ်တန့်သွားပြီး‌နောက်
ခန္ဓာကိုယ်တစ်ခုလုံးကိုလည်းကြိုးနဲ့တင်းကြပ်စွာရစ်ပတ်ထားလို နာကျင်နေတဲ့ခံစားချက်.....
နှလုံးသားကိုလည်း....လက်နဲ့ဆုပ်ကိုင်ထားသလို နာကျင်နေပြီး အသက်ရှူဖို့တောင်ခက်ခဲနေလျှက်....။

"ဟဲ့ ယောင်းငယ် လမ်းလယ်ကြီးမှာ ဘာလို့
အိပ်နေတာလဲ...?နင့်အ‌ဘကို ထမင်းကျွေးဖို့ပြန်တော့မလို့ဆို...နောက်ကျရင်ဆူခံရမယ်ဆိုပြီး...
အခုဘာဖြစ်ပြန်ရတာတုန်း.....?"

"ဟင် ယောင်းငယ်....!ယောင်းငယ်..!
ယောင်းငယ်ကဘယ်မှာလဲ....?"

"အမလေး...ငုတ်တုတ်ကြီး အိမ်မက်မက်နေတာလား..ယောင်းငယ်....?ယောင်းငယ်က နင်လေ ဪ တကယ်တည်း ဒီကလေး စ စရာရှားလို့ လူကြီးကိုပါ လာစနေရလား....?"

"ယောင်းငယ်...!ဒါ... ဒါက ယောင်းငယ်ပေါ့နော်...."

လမ်းဘေးနားက ရေအိုင်သေးသေးလေးထဲမှာ ပေါ်နေတဲ့ကိုယ့်မျက်နှာကိုယ်ပြန်ငုံ့ကြည့်ပြီး အံ့ဩမှင်သက်စွာ....ဝတ်ထားတဲ့အဝတ်အစားတွေနဲ့ ဆံပင်အရောင်က လွှဲရင် ကိုယ်နဲ့တစ်ပုံစံတည်းပဲ....
ကိုယ့်ဘာကိုယ်တောင်မယုံနိုင်ဘူး.....။

"တကယ်ပဲ ငါကယောင်းငယ်နဲ့တူတာကိုး..."

"ယောင်းငယ် ဘာဖောက်ပြန်တာလဲ...?
နင့်အဘဆူတာများလို့ နင်လည်းနည်းနည်းချောင်နေပြီထင်တယ်..အိမ်ပြန်စရာရှိတာပြန်တော့ အရီးကိုပါခေါင်းလာစားမနေနဲ့ ဒီကလေး..."

GHOST Girlfriend Where stories live. Discover now