part-(36)

264 51 3
                                    

မဖြစ်ဘူး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မဖြစ်ဘူး.....ငါ ဒီအတိုင်း အခန်းထဲမှာပဲ
ပိတ်မိနေလို့မဖြစ်ဘူး....တောက်စ် ကွာ တကယ်ပဲ ထွက်လို့ရတာ
ဘယ်နေရာမှာမှမရှိတော့ဘူးလားကွာ
ခြံထဲကိုလှည့်ကြည့်လိုက်တော့လည်း....
ဆိုးရဲ့လူတွေကအပြည့်....
တံခါးတွေအကုန်လုံးကိုလည်း
သော့ခတ်ထားတဲ့အလျောက်
ပြေးစရာတစ်နေရာလေးတောင်မှမတွေ့
ဒီအချိန် စဉ်းစားလို့ရတာတစ်ခုပဲရှိတယ် ခေတ်....ခေတ်ကိုအကူအညီတောင်းဖို့ပဲ.......။

"ဘာကိုမှမစဉ်းစားနဲ့
ကြံလည်းမကြံစည်နဲ့ ယောင်း..."

ကိုယ့်အတွေးတွေကို သိနေသလိုမျိုး
အခန်းရှေ့ကိုရောက်ချလာတဲ့ ဆိုး....
ခနတာတော့ ကြောင်စည်သွားပင်မဲ့.......။

"ဆိုး ကဒီလောက်အထိတောင်
လုပ်ထားပြီးပြီပဲ ယောင်း က
ဘာကိုကြံစည်လို့ရပါဦးမလဲ.....?"

"ခေတ် ယောင်းကိုထမင်းဗန်းသွားပို့ပေးလိုက်...."

"အင်း...."

ထမင်းဗန်းကိုကိုယ့်ရှေ့လာချပေးတဲ့
ခေတ်ရဲ့မျက်လုံးတွေကို
အကူအညီရလိုရညား စိုက်ကြည့်နေမိတယ်... ကိုယ့်စိတ်ကိုနားလည်ပေးပါနော် ခေတ်....။
အခုမှကြည့်မိတယ် ခေတ်လေးလည်း တော်တော်ငိုထားပုံရတယ်...
ဟုတ်သားပဲလေ သူ့သခင်ကြီး
တစ်ယောက်လုံး အသတ်ခံခဲ့ရတာ
မဟုတ်လား....?ဦးကြီးဒေါင်းကလည်း နောက်ဆုံးတော့ ငါ့ကြောင့်......။

"ခေတ် မြန်မြန်ပြန်ထွက်လာခဲ့လေ....."

"အွန်း အွန်း....."

"လက်တလောတော့ အခန်းထဲကမထွက်နဲ့ဦး ယောင်း.... ဆိုး ထားတဲ့အတိုင်းပဲနေပါ ကျေးဇူးပြုပြီး..."

"ဘာလဲ ဒါဆို ရွာတစ်ရွာလုံးမီးရှို့ခံရပြီးမှ ယောင်းက ဘာမှမသိသလို ဘာမှမဖြစ်သလို ထွက်လာရမှာလား...?
ဆိုးက ယောင်းကိုအဲ့လိုနေသွားစေချင်တာလား....?ယောင်း ကအဲ့ကိစ္စကြီးကိုလျစ်လျူရှုပြီး ကိုယ်နဲ့မဆိုင်သလို
ခေါင်းမော့ပြီး နေသွားနိုင်မယ်လို့
ဆိုး တွေးထင်နေသလား....?"

GHOST Girlfriend Where stories live. Discover now