part-(32)

213 45 2
                                    

မှောင်ရီပျိုးနေတဲ့ လမ်းသွယ်လေးထဲသို့ ကားတစ်စီးဟာ ခပ်ငြိမ့်ငြိမ့်ဝင်လာရင်း

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.

မှောင်ရီပျိုးနေတဲ့ လမ်းသွယ်လေးထဲသို့
ကားတစ်စီးဟာ ခပ်ငြိမ့်ငြိမ့်ဝင်လာရင်း.... မောင်းနှင်လာသူ ဒေါက်တာroseခင်ဗျာမှာတော့ အတွေးများစွာထွေးပွေ့လို့ရယ်...... ဘယ်လိုဆုံးဖြတ်ချက်က အ‌ကောင်းဆုံး
ဖြစ်မယ်ဆိုတာကို အတွေးနယ်ချဲ့ရင်း စဉ်းစားခန်းဖွင့်နေပင်မဲ့ အဖြေတစ်ခုကလွဲပြီး ဘာမှထွက်မလာ.....
ထိုအဖြေဆိုတဲ့ အဖြေတစ်ခု‌အပေါ်
မေးခွန်းပေါင်းများစွာကလည်းမေးခွန်းသတ်နေသေးတယ်........
အရာအားလုံးကို ဖြေရှင်းနိုင်တဲ့အဖြေ
ဟုတ်မဟုတ်ဆိုတာတော့ ဆိုး ကသာ
အသိဆုံးဖြစ်နေမယ်ထင်တယ်.......
ကား လီဗာကိုသာ တိုးနင်းပြီး ဆိုး
ရှိ‌နေလောက်မဲ့ အိမ်ကိုသာ
အပြေးမောင်းလာရင်း..........။

ကျွီ.............(ကားဘရိတ်အုပ်သံ)

"ငါ အခု တစ်ခုခုကို
တိုက်မိသွားတာလား....?"

အတွေးတွေထဲနစ်မြောနေရင်း.....ကိုယ့်
ကားရှေ့ကိုပြေးဝင်လာတဲ့ တစ်စုံတစ်ယောက်ကိုတိုက်မိမလိုဖြစ်သွားတယ်.......
တစ်ခုခုများဖြစ်သွားရင်ဆိုတဲ့ စိတ်နဲ့
ကားပေါ်ကဆင်းကြည့်လိုက်တော့......။

"ဒီမှာ ဒီမှာ....အဆင်ပြေရဲ့လားဟင်
ဘယ်နေရာတွေများခိုက်မိသွားသေးလဲ....?"

"ရ....ရပါတယ် ဒေါက်တာ....ကျွန်တော် အရှေ့ကိုမကြည့်ပဲပြေးလာမိလို့ ....
ကျွန်တော့်ကြောင့် ဒေါက်တာ လန့်သွားပြီထင်တယ် တောင်းပန်ပါတယ်......"

"မထိခိုက်သွားရင် ရပါပြီ....
ဒါနဲ့ ဘာတွေများအလောကြီးနေလို့
ရှေ့ကိုတောင် မကြည့်ပဲပြေးနေရတာလဲ....?"

"ရွာ....ရွာထဲမှာ မီးလောင်နေလို့ အဲ့တာ
မီးဝိုင်းသတ်ဖို့ လိုက်ခေါ်မလို့ ထွက်လာတာ လောနေတော့ စိတ်နဲ့လူနဲ့လည်းမကပ်ပါဘူး ဒေါက်တာရယ်......."

GHOST Girlfriend Tahanan ng mga kuwento. Tumuklas ngayon