part-(34)

219 49 0
                                    

စားပွဲပေါ်မှာတင်ထားတဲ့ စာတစ်စောင်

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.

စားပွဲပေါ်မှာတင်ထားတဲ့ စာတစ်စောင်.....
ထိုစာကိုဖွင့်ဖောက်ပြီးဖတ်ရမှာ
ကျွန်မအတွက်ဝန်လေးနေသလိုပါ.....
သတင်းဆိုးဖြစ်ဖြစ် သတင်းကောင်းဖြစ်ဖြစ် ဘာဆိုဘာကိုမှ မသိချင်ပါ.....
ထို့ကြောင့် ဦးကြီးဒေါင်းမှပေးပို့လိုက်သည့် စာကို ဖတ်ရန် အတော်အတန်စဉ်းစားနေရသည်ပင်....
သို့ပင်မဲ့လည်း တခုခုသိထားတော့
ကြိုတင်ပြင်ဆင်လို့ရတယ်ဆိုတဲ့အတွေးနဲ့......

(သို့/ အရှင်မဆိုးယ.....
ဒီမှာအခြေ‌အနေကတော်တော်မကောင်းပါ....
သခင်ကြီးမှာအတော်ပင်
စိတ်ဆိုးဒေါသထွက်နေပြီး
မမလေးပိုးယမှာလည်း လက်စားချေမယ်
ဆိုပြီး ကြုံးဝါးလို့နေပါတယ်......
၁၀ရက်အတွင်းမှ အရှင်မတို့ပြန်မလာရင်
ဒီရွာကိုဒီအတိုင်းမထားဘူးလို့ဆိုပါတယ်....
အခု အရှင်မလေး
သေချာဆုံးဖြတ်သင့်ပြီလို့ထင်ပါတယ်.....
အခုထိ အရှင်မလေးရဲ့ခင်ပွန်းမှာ
မည်သည့်အ‌ကြောင်းအရာကိုမျှမသိသေးသည့်အတွက် နောက်ကြောင်းပြန်လှည့်လာရင်လည်း တမူထူးခြားမယ်မထင်ပါ......
အရာအားလုံး မူလအတိုင်းသူ့နေရာသူပြန်ရောက်သွားမည်ဖြစ်လို့
အရှင်မ အသေအချာစဉ်းစားစေလိုပါတယ်...           

                                 

                                မှ/ဦးကြီးဒေါင်း..)

အရာအားလုံး မူလအတိုင်းသူ့နေရာသူ..... ဟုတ်လား...?
တခြားအရာတွေကိုတော့မသိပင်မဲ့
အဲ့ထဲမှာ ယောင်းအတွက်တော့မပါဘူး......
သခင်ကြီးရဲ့ဒေါသက ဘယ်လိုမှ ယောင်းကိုခွင့်လွှတ်ပေးမှာမဟုတ်ဘူး.....
ပြန်လမ်းဟာ သေလမ်းပဲ.....
အခုလိုအထိရောက်အောင်
ဘယ်လိုရုန်းကန်လာရသလဲ....?
မဖြစ်ဘူး ဘာအကြောင်းနဲ့ဖြစ်ဖြစ် ယောင်း ရွာကိုပြန်လို့မဖြစ်ဘူး....
ဒီအကြောင်းတွေကိုလည်း
သိလို့မဖြစ်ဘူး.........။ကိုယ့်အတွေးတွေဟာ
သေချာတယ် ယောင်း.....
ယောင်းလေးကို ကာကွယ်ဖို့အတွက်ဆို
ဆိုး ဘယ်အရာကိုမဆိုလုပ်ဖို့ဝန်မလေးဘူး....

GHOST Girlfriend Où les histoires vivent. Découvrez maintenant