"အမလေး.........ကို......
ကို ဘာဖြစ်လာတာလဲ....?
သွေးသံတရဲရဲနဲ့ပါလား....?
မျက်နှာလှလှလေးမှာလည်း
ဒါဏ်ရာဒါဏ်ချက်တွေနဲ့ပါလား.....?
မဟုတ်မှ ကို ရန်ဖြစ်လာတာလားဟင်.......?"ပြာပြာသလဲ စီးကြိုပြီးမေးရှာတဲ့ ပိုးယကို ဘာအဖြေမှပြန်မပေးနိုင်ပဲ......ရေချိုးခန်း
ထဲသို့သာသွားပြီး ကိုယ်လက်သန့်စင်နေလိုက်တယ်.......ခန္ဓာကိုယ်မှာပေကျံနေတဲ့သွေးတွေကိုသန့်စင်လိုက်ပင်မဲ့ ဒါဏ်ရာတွေကသွေးမတိတ်ဘူး.......
ဆက်တိုက် ထွက်နေတုန်းပဲ
ဘာလို့ အရာအားလုံးက ငါ့စိတ်တိုင်းကျ
မဖြစ်ရတာလဲ....? မှန်ထဲမှာမြင်နေရတဲ့
ကိုယ့်ကိုယ်ကိုလည်း ဒေါသထွက်နေလျှက်....
ထိုအချိန်
ရေချိုးခန်းထဲကို ဆေးသေတ္တာလေးကိုင်ပြီး ရောက်လာသူကတော့ ဆိုး.........။"ခြံထဲကိုဝင်လာကတည်းက
မြင်လိုက်တယ်.....
ဒါဏ်ရာတွေဒီလောက်ရအောင်ထိ ဘယ်လောက်တောင်ရန်ဖြစ်ခဲ့တာလည်း ယောင်း.......
အခု သွေးကမတိတ်တော့ဘူးမဟုတ်လား...?""ကို ဆေးထည့်............"
"ဟင် မမကြီး ကဘယ်လိုလုပ်......?"
"အွန်း... ယောင်း ကိုမြင်ပြီး ဒါဏ်ရာတွေများလို့ ဆေးထည့်ပေးဖို့ဆင်းလာခဲ့တာ......
ရော့ ပိုးယ ပဲလုပ်ပေးလိုက်ပါတော့......"ဆေးသေတ္တာကို ကျွန်မလက်ထဲ ထိုးထည့်ပြီး လှည့်ထွက်သွားတဲ့ မမကြီးကို ငေးကြည့်နေတဲ့ ယောင်း ရဲ့မျက်ဝန်းတွေ.....
ဒီလိုအကြည့်မျိုးနဲ့ ကျွန်မကိုကြည့်ပေးရင် သိပ်ကောင်းမှာပဲ........
တခါတလေ ကိုယ်က ကြားလူဖြစ်နေသလိုခံစားချက်မျိုး....
ဒီခံစားချက်ကို တကယ်မုန်းမိပင်မဲ့.....
ကြားလူ ဆိုတာမှန်နေတာပဲမဟုတ်လား....?
မမကြီးနဲ့ ယောင်းရဲ့ ကြားထဲကို
အတင်းဝင်ပြီး နေရာယူခဲ့သူမို့လေ..........။
YOU ARE READING
GHOST Girlfriend
Fantasyမြင်သူတကာငေးရအောင်လှပပင်မဲ့ ဘဝပေးအခြေနေမလှတာကြောင့် ကြိုးစားရှင်သန်ရင်း မြို့ရွာလေးတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့ ဒေါက်တာrose တဖြစ်လဲ ယောင်းငယ်........၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ရွာငယ်လေးဟာ roseရဲ့ နှလုံးသားတံခါးဝကိုဖွင့်ဖို့သော့ချက်များဖြစ်နေခ...