"ကို ဒီကိုလာကြည့်ပါဦး.......
ဒီပန်းလေး နောက်ဆုံးတော့ပွင့်လာပြီ.....
အရမ်းလှတာပဲနော် ကို......"ကို နဲ့ ချစ် မဖြစ်ခင်ကာလ
ယောင်းငယ်နဲ့ပိုးယ အဖြစ်
ဒီအိမ်တော်မှာနေခဲ့ကြတုန်းက စိုက်ပျိုးခဲ့တဲ့နှင်းဆီပန်းပင်လေး.....
တခြားနှင်းဆီပန်းတွေဟာ အကုန်ပွင့်ပင်မဲ့
ဒီပန်းပင်လေးကပဲ ပွင့်ဖို့မေ့လျော့နေခဲ့တာ အခုတော့ ထိုပန်းပင်လေးကနေ အလှဆုံးနှင်းဆီပန်းလေးဖူးပွင့်လို့......
ထိုပန်းပွင့်လေးကို ကြည့်ပြီး ပြုံးပျော်နေတဲ့ ပိုးယလေးဟာလည်း ဟိုအရင်က
ဂျစ်ဆိုးဆိုးချာတိတ်မလေးသဖွယ်.....
ကြည့်ရတာ ကိုယ်ဟာ ဒီအချိန်အနေကြီးနဲ့
နေသားကျမှန်းမသိကျနေခဲ့ပြီထင်တယ်......
ဒီလိုမြင်ကွင်းလေးကိုတောင်
ကြည်နူးနေမိသလိုမျိုးပေါ့.........။"ကို ဘာရပ်ကြည့်နေတာလဲ....?
လာအနီးကပ်လာကြည့်
အရမ်းလှပါတယ်ဆိုကွာ.....""ဪ အင်း အင်း......
အွန်း လှသားပဲ ကိုယ့်ဇနီးလေးလိုပဲ........""ဘယ်လို ဘယ်လို....ပြန်ပြောစမ်းပါဦး အခု ချစ်ကြားလိုက်တာမှန်ရဲ့လား....?"
"ဟင်.....ကိုယ် ဘာများပြောမိလို့လဲ....?"
"ဘာလဲ....?ပြောတုန်းကပြောပြီး
အခုမှ ရှက်နေတာလား.....?"ကိုယ်တောင်မသိလိုက်ပါပဲ....ကိုယ့်နှုတ်ခမ်းဖျားထွက်သွားတဲ့ ထိုစကားလေး.....
ဘာဖြစ်နေတာလည်း ယောင်းငယ် မဟုတ်မှ မင်း ပိုးယအပေါ်စိတ်ယိုင်နေပြီလား........?"ပန်းလေးလှတယ်လို့ပြောတာပါ....
လာ အိမ်ထဲဝင်ကြရအောင်
အပြင်မှာအေးတယ်....""ဘာပါလိမ့်...ဒီနီရဲသွားတဲ့ ကို့မျက်နှာက.... ဟားဟား ကို့မှာလည်း ဒီလိုမျက်နှာမျိုး
ရှိသတဲ့လား ချစ်စရာကောင်းအောင်....."
BẠN ĐANG ĐỌC
GHOST Girlfriend
Viễn tưởngမြင်သူတကာငေးရအောင်လှပပင်မဲ့ ဘဝပေးအခြေနေမလှတာကြောင့် ကြိုးစားရှင်သန်ရင်း မြို့ရွာလေးတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့ ဒေါက်တာrose တဖြစ်လဲ ယောင်းငယ်........၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ရွာငယ်လေးဟာ roseရဲ့ နှလုံးသားတံခါးဝကိုဖွင့်ဖို့သော့ချက်များဖြစ်နေခ...