part-(33)

222 42 0
                                    

ကိုယ့်အပေါ်ကိုရက်စက်ရက်သူဆီသို့တန်ပြန်လက်စားချေချင်လို့ သွားခဲ့ပင်မဲ့ ထိုသူက ထိုနေရာမှာ‌ရှိမနေတော့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကိုယ့်အပေါ်ကိုရက်စက်ရက်သူဆီသို့
တန်ပြန်လက်စားချေချင်လို့ သွားခဲ့ပင်မဲ့
ထိုသူက ထိုနေရာမှာ‌ရှိမနေတော့......
အဲ့တာကပဲ ပိုးယကို
ပိုပြီးဒေါသထွက်စေတယ်.....
အစကတော့ အနုနည်းနဲ့မရရင် အကြမ်းနည်းသုံးပြီးတော့ပဲဖြစ်ဖြစ် ယောင်း ကိုသိမ်းပိုက်ဖို့ရည်ရွယ်ခဲ့ပင်မဲ့ အခုသူကတခြားသူနဲ့ထွက်ပြေးသွားတယ်တဲ့လေ.....
ခန္ဓာကိုယ်တစ်ခုလုံးကသွေးတွေ ဦးခေါင်းထဲကို ဆောင့်တက်သွားသလိုပဲ....‌
တဖြေးဖြေး ချစ်စိတ်ထက် နာကြည်းစိတ်ကပိုပြီးနေရာယူလာလေတော့......
ယောင်း တကယ်ပဲ ပိုးယကို ဒီလိုအချိုးမျိုးချိုးမယ်ပေါ့လေ......မရဘူး.....
ဒါမျိုးပိုးယကိုလာလုပ်လို့မရဘူး.....
မမကြီးလိုမျိုး ‌ပိုးယကမနူးညံ့ဘူးလို့ ယောင်းပြောခဲ့ဖူးတယ်မဟုတ်လား.......?
အခု တကယ်ကြမ်းတမ်းတာက ဘာလဲဆိုတာ ယောင်းသိလာစေရမယ်......
အံကိုတင်းစွာ ကြိတ်ရင်း
အိမ်သို့အပြန်လမ်းမှာ ကြုံးဝါးလျှက်.... ကြိုတင်ကြံဆထားတဲ့အတွေးတွေနဲ့
လွဲချော်ခဲ့သော အပြန်လမ်းဖြစ်တာမို့
ပိုပြီးတော့လည်းစိတ်ပျက်တယ်.......
ဦးကြီးဒေါင်းကသာ သူတို့နှစ်ယောက်ကို
အမြန်ဆုံး ရှာတွေ့ပြီး
ပိုးယရှေ့ရောက်အောင်ခေါ်လာဖို့ပဲလိုတယ်....
အဲ့အချိန် ဖြစ်ပျက်‌နေမယ့် သူတို့နှစ်ယောက်ရဲ့မျက်နှာကို သိချင်ပြီး......
ဒီလိုအခြေနေကိုကော သူတို့နှစ်ယောက်
ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ
သိပ်သိချင်တာပဲ........။

"ဖေဖေ ပိုးယ ယောင်း ပျော်နေတာကို
မြင်လည်းမမြင်ချင်ဘူး
ကြားလည်းမကြားချင်ဘူး.....
သူ သမီးရှေ့ ဒူးထောက်တာကိုပဲ
လိုချင်တာ....
ဖေဖေ လုပ်ပေးနိုင်တယ်မလား....?
ပိုးယ ဖေဖေ့ကိုယုံပြီးစောင့်နေမယ်....."

GHOST Girlfriend Where stories live. Discover now