"ဒေါက်တာ .....ဘယ်လိုဖြစ်တာလဲ....?
နေမကောင်းသေးဘူးလား...?အဲ့တာဆိုလည်း
ဘာလို့ဆေးရုံကိုလာနေသေးရတာလဲဒေါက်တာ.....
လမ်းမှာတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ....?""ဟုတ်သားပဲ ဒေါက်တာရယ်...
ဒီမှာ မရွှေစင်တို့လည်းရှိနေတာပဲကို....""ရပါတယ် ကျွန်မနေကောင်းနေပါပြီ...."
"မိုးရိပ်တော့ မထင်ပါဘူး.....
ဒေါက်တာ့မျက်ကွင်းကြီးက ဒီလောက်ညိုနေတာကို
မနေ့ညကအကောင်းပါ ဘယ်လိုဖြစ်ရတာလဲ....?""ပုံကြည့်တော့သာ ဒီလိုထင်ရတာပါ....
တကယ် နေကောင်းပါတယ်....ကျွန်မတာဝန်တွေလည်း ရှိသေးတယ်လေ......""ပြောမရလည်း သဘောပဲဒေါက်တာရေ....
မိုးရိပ်ကတော့ ဒေါက်တာ မေ့လဲသွားမှာကိုမြင်ယောင်နေပြီ..."မိုးရိပ်ရဲ့ ဒေါသပါတဲ့အသံလေးက တဖြေးဖြေးချင်းဝေးကွာစွာ... ကျွန်မကို စိတ်ဆိုးပြီး ပြောပြောဆိုဆို ဆေးရုံအပြင်သို့ထွက်သွားတယ်....။
ဟုတ်တော့လည်း ဟုတ်တာပါပဲ ကျွန်မက ကိုယ့်ကိုကိုယ်ဂရုစိုက်ရမှာ....
ဒေါက်တာဖြစ်ပြီး ကျွန်မကိုယ်တိုင်က
ဖျားနေတာကို....။"မိုးရိပ် စကားတွေကို စိတ်ထဲမထားပါနဲ့ ဒေါက်တာ...
သူကဒေါက်တာ့ကို စိတ်ပူနေတာ...
မနေ့ကတည်းကဆိုပါတော့....အခုလည်း
ဘယ်ထွက်သွားပြန်ပြီလည်းမသိဘူး...ပြီးရင်
သူပဲစိတ်မကောင်းဖြစ်ပြီး ပြန်လာချော့ဦးမယ်...
လူကိုကြည့်တော့သာ ကျားကျားယားယားရယ်..
စိတ်ကသိပ်နုတာ....မိုးရိပ်ဆိုတဲ့အတိုင်းပဲ....
ခနလေးနဲ့ စိတ်ဆိုးပြေသွားလိမ့်မယ်....
ဒေါက်တာ စိတ်မပူနဲ့........""အင်းပါလေ ကျွန်မကလည်း ကျွန်မပဲကို....
သူ့စကားမှနားမထောင်တာ...."။။။။။။။။။။။။။။။။။။။။။။။။။။။
မနက်ခင်းတစ်ပိုင်းလုံး လာသမျှလူနာတွေ အကုန်ကြည့်ပြီးတဲ့နောက်.....နေ့လည်စာ စားချိန်
နည်းနည်းကျော်တော့မှ ချိုင့်ကြီးတစ်လုံးဆွဲပြီး
မိုးရိပ်ပြန်ပေါ်လာတယ်....။ဘာကြောင့်မှန်းတော့
မသိပင်မဲ့ မိုးရိပ်ရဲ့ အရိပ်လေးကိုမြင်လိုက်တာနဲ့
ကိုယ့်နှုတ်ခမ်းက အလိုလိုပြုံးမိပြီးသားရယ်...... ။
YOU ARE READING
GHOST Girlfriend
Fantasyမြင်သူတကာငေးရအောင်လှပပင်မဲ့ ဘဝပေးအခြေနေမလှတာကြောင့် ကြိုးစားရှင်သန်ရင်း မြို့ရွာလေးတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့ ဒေါက်တာrose တဖြစ်လဲ ယောင်းငယ်........၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ရွာငယ်လေးဟာ roseရဲ့ နှလုံးသားတံခါးဝကိုဖွင့်ဖို့သော့ချက်များဖြစ်နေခ...