"ကိုယ် တစ်ယောက်တည်းပြန်ရလည်း
ဖြစ်ပါတယ် ချစ် ပင်ပန်းနေမယ်....
ချစ် ကမမလေးမဟုတ်လား...?
ကိုယ့်မိဘတွေကိုလိုက်နှုတ်ဆက်ဖို့အထိ
မလုပ်လည်းရပါတယ်......""မရပါဘူး မမလေးဆိုပင်မဲ့ အခုက
ကို့ ဇနီးပဲလေ တူတူရွာပြန်ပြီး
ချွေးမ၀တ္တရားလေးတော့ကျေအောင်
ဂါရဝပြုရမှာပေါ့ တော်ပြီ ချစ် ဆုံးဖြတ်ပြီးပြီ မနက်ဖြန် မိဘတွေကိုရအောင်ပြောပြီး
ခရီးစထွက်မယ် ကိုက ဒီလိုပဲသိထားရင်ရပြီ ဟုတ်ပြီနော်......"ပိုးယ ကိုမြင်လေ ကိုယ့်စိတ်ကပိုပြီး
အားနာရလေ ဘာလို့အဲ့လောက်ထိ
ကြိုးစားပေးနေရတာလည်း ပိုးယရယ်
ဒီလူက မင်းအချစ်နဲ့ မထိုက်တန်တဲ့သူပါ.... အချိန်တန်ရင် ထွက်သွားမဲ့သူလို့.....
မင်းက ဒီလိုဝတ္တရားတွေကျေပွန်နေရင်
ဒီလူ လိပ်ပြာသန့်နိုင်ပါဦးမလား.....?။။။။။။။။။။။။။။။။။။။။။။။။။။။။
"မေမေ... ပိုးယလေ ကို့မိဘတွေကို
သွားတွေ့လိုက်ဦးမယ်...ကိုနဲ့လက်ထပ်ပြီးကတည်းက တခါမှမတွေ့ရသေးဘူး
မဟုတ်လား.....?ဆွေပြမျိုးပြ သွားချင်လို့
အဲ့တာ ခွင့်ပြုပေးပါနော်......""ဘယ်ဆွေမျိုးကိုပြချင်သေးတာလဲ....?
ဒီနုံချာစုတ်ပြတ်နေတဲ့ အသိုင်းအဝိုင်းကိုများ..... ယောင်းငယ်တစ်ယောက်ဆို
တော်ပြီပေါ့ ပိုးယရယ်.... သူ့မိဘတွေအထိပါအဆက်အဆံလုပ်ဦးမလို့လား....?
မေမေခွင့်မပြုနိုင်ပါဘူး....
အစတည်းက အဲ့ရွာသွားတာကို
မေမေကြိုက်ကိုမကြိုက်တာ....""မေမေကလည်း အဲ့လိုတစ်ဖက်သတ်ကြီးတော့မပြောပါနဲ့ ယောင်းအတွက်လည်းစဉ်းစားပါဦး....
သူ့မွေးရပ်မြေလေ သူလည်းလွမ်းနေမှာပေါ့.....ဖေဖေ...ဖေဖေကခွင့်ပြုတယ်
မဟုတ်လားဟင်....?"
أنت تقرأ
GHOST Girlfriend
خيال (فانتازيا)မြင်သူတကာငေးရအောင်လှပပင်မဲ့ ဘဝပေးအခြေနေမလှတာကြောင့် ကြိုးစားရှင်သန်ရင်း မြို့ရွာလေးတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့ ဒေါက်တာrose တဖြစ်လဲ ယောင်းငယ်........၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ရွာငယ်လေးဟာ roseရဲ့ နှလုံးသားတံခါးဝကိုဖွင့်ဖို့သော့ချက်များဖြစ်နေခ...