တိမ်စိုင်တစ်ချို့ရဲ့ နောက်ကွယ်မှ လမင်းကြီးဟာ
ဒီနေ့ပိုပြီး ထွန်းလင်းတောက်ပနေသလို.......
လသာဆောင်ထဲမှာ အတွေးပေါင်းများစွာနဲ့ခေါင်းရှုပ်နေဟန်တူတဲ့ ဆိုးယအပေါ်.....
လရောင်လေးက ဖြာကျလျှက်......
နဂိုတည်းက လည်ပြန်ငေးကြည့်ရလောက်အောင် လှတဲ့ ဆိုးယ ဟာ အခုတော့ လရောင်အောက်မှာ
သူ့မျက်နှာလေးကို အကြည့်မခွာချင်ရလောက်အောင် လှပရက်လွန်းနေပြန်ရော......
တကယ်ပါ ဆိုးယ ရယ် ........
ယောင်းငယ်ကလေ ဆိုးယကို အဝေးကငေးကြည့်နေရတာကို သိပ်သဘောကျတာပဲ......။"ဘာတွေ အဲ့လောက်စဉ်းစားနေတာလည်း....?"
"ဟင်..? ယောင်း ကိုအိပ်နေပြီထင်တာ..."
"ပူလို့အိပ်မပျော်တာနဲ့ ထွက်လာလိုက်တာ....
ဆိုးယ ကိုတွေ့ရတော့မှ ရင်ထဲကိုအေးသွားတာပဲ...""အပိုတွေပါ.....ယောင်း တို့များ
ယောကျာ်းလေးသာဆိုမလွယ်ဘူး....
သိပ်ကို အပြောတတ်တာပဲ....""မဟုတ်ပါဘူးနော်....ယောင်းငယ်က ဆိုးယတစ်ယောက်တည်းကိုပဲ ဒီလိုတွေပြောတာပါ
ပြီးတော့ ဒါကရင်ထဲကစကားတွေ ယောင်းငယ်
လုပ်ပြောနေတာမဟုတ်ဘူး.......""ဟုတ်ပါပြီ ယုံပေးပါ့မယ်....."
"ဆိုးယ..... ယောင်းငယ် မေးထားတာ
မဖြေရသေးဘူးနော်.....""အွန်း....အဖေက အိမ်ကိုပြန်လာနေစေချင်တယ်တဲ့..
ဒါပင်မဲ့ ဆိုး မပြန်ချင်ဘူး....
ဟိုမှာက ဆိုးကိုပြန်မလာစေချင်တဲ့သူတွေချည်းပဲ
ပြီးတော့ ဆိုး ပြန်ရင် ယောင်း ကိုလည်းမတွေ့ရတော့ဘူးလေ....ယောင်း နဲ့လည်း တူတူလျှောက်သွားလို့
မရတော့ဘူး....ဆိုးလေ... ယောင်း မရှိပဲမနေတတ်တော့ဘူး
ပျင်းဖို့ကောင်းတဲ့ဘဝကြီးကိုပြန်မသွားချင်ဘူး..."
YOU ARE READING
GHOST Girlfriend
Fantasyမြင်သူတကာငေးရအောင်လှပပင်မဲ့ ဘဝပေးအခြေနေမလှတာကြောင့် ကြိုးစားရှင်သန်ရင်း မြို့ရွာလေးတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့ ဒေါက်တာrose တဖြစ်လဲ ယောင်းငယ်........၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ရွာငယ်လေးဟာ roseရဲ့ နှလုံးသားတံခါးဝကိုဖွင့်ဖို့သော့ချက်များဖြစ်နေခ...