part-(10)

306 51 1
                                    

"မပျင်းဘူးလား ဆိုးယ

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

"မပျင်းဘူးလား ဆိုးယ.....?"

ဒီကိုစရောက်လာတည်းက ယောင်းခင်ဗျာ
တိုက်ပိတ်ခံထားရသလို ဘယ်ကိုမှမသွားရတော့ တော်တော်ငြီးငွေ့နေပုံထောက်တယ်....ကျွန်မကတော့ ဒီဘဝကြီးမှာနေသားကျနေပြီမို့ အထူးတလည် ဘာမှတော့ဖြစ်မနေပါဘူး....သို့ပင်မဲ့ ယောင်းကပျင်းနေတာကို ဒီအတိုင်းတော့ကြည့်မနေရက်ဘူး မဟုတ်လား......?

"ယောင်းလေး ပျင်းလို့လား....?ဒါဆို
တို့တွေအပြင်သွားလည်ကြမလား....?"

"ဟင်...?အပြင်သွားလည်လို့ရလား...?"

"ဒါပေါ့....ယောင်း သာစိတ်ဆန္ဒရှိရင်....."

"အစတည်းကမေးရမှာပေါ့ ဆိုယ ကလည်း....
ယောင်းငယ်မှာ ပျင်းလို့သေပါတော့မယ်ဆို...."

"ဒါဆို အဝတ်စားလဲ....တို့သွားကြစို့....."

"ဒါက ဘယ်ကိုသွားကြမှာလဲ.....?"

"ယောင်းလေးက ပျင်းတယ်ဆိုလို့
အပြင်ကို လိုက်ပို့မလို့....."

"သိပ်ကို ချိုသာနေလိုက်တာ....မသိရင်
ညီအစ်မတွေကျလို့.....ဒီက ညီမကိုများတော့
တစ်ခါမှ ဒီလိုဂရုမစိုက်ဖူးပါဘူး......."

"ဒါကတော့ မေတ္တာဆိုတာအပြန်အလှန်ရှိတယ်လေ မပိုးယရဲ့....ယောင်းငယ်က ဆိုးယကို ချစ်တော့ ‌
ဆိုးယကလည်း ယောင်းငယ်ကို ဂရုစိုက်တာပေါ့...
တစ်ချို့သူတွေလို သူတပါးအပေါ်အကျင့်ပုတ်ဖို့ပဲ စဉ်းစားနေတာမှမဟုတ်တာ...."

"အောင်မာ အောင်မာ...နင်ကများ ငါ့ကို ရာရာစစ...
ဖေဖေနဲ့ ဆိုးယက နင့်ဘက်မှာရှိတယ်ဆိုပြီး
ဂျိုထောင်မနေနဲ့ ယောင်းငယ်....ဒါငါ့နယ်ဟဲ့
နင့်လိုလူရဲ့အသက်တစ်ချောင်းကို
လွယ်လွယ်လေး လက်စဖျောက်ပစ်လိုက်လို့ရတယ်
သဘောပေါက်လား....?"

GHOST Girlfriend Tempat cerita menjadi hidup. Temukan sekarang