part-(20)

243 51 1
                                    

"သခင်မလေး ဘယ်အချိန်ထိဒီလိုလုပ်နေဦးမှာလဲ

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.

"သခင်မလေး ဘယ်အချိန်ထိဒီလို
လုပ်နေဦးမှာလဲ...?
အခုအိမ်ပြန်ဖို့အချိန်ကျနေပြီ...
သခင်ကြီးကလည်းအခုတော်တော်စိတ်ဆိုးနေပြီးကျွန်တော်မျိုးကိုလည်း
ခနခနဆင့်ခေါ်နေတာ သခင်မလေးကို
ခေါ်ပြီးလာခဲ့ပါလို့...တစ်ချိန်လုံးသဝဋ်လွှာတွေပို့နေတာ အခုဘယ်လိုလုပ်ကြရမှာလဲ..? အခြေအနေကသိပ်မကောင်းတော့ဘူး...
ဒီမှာ ပိုးယရောက်နေတာကို သခင်မကြီးက
မကြိုက်တာလည်းပါမယ်ထင်တယ်......"

"ဟူးးးးး ဆိုး ဘယ်လိုလုပ်ရမလဲ
ဦးကြီးဒေါင်း....?
တကယ် ဘယ်လိုလုပ်ရင်
အားလုံးအတွက်အဆင်ပြေနိုင်မလဲဟင်....?
ဆိုး ...ဒီမှာပဲနေချင်သေးတယ်....."

"မဖြစ်တော့ဘူး သခင်မလေး...
ဒီ့ထပ်ပိုပြီး သခင်ကြီးကိုအာခံရင်....
အထိနာမှာက ယောင်းငယ် ပဲဖြစ်လိမ့်မယ်.... ဒီကိစ္စတွေ သခင်ကြီးသိသွားရင်
ယောင်းငယ်အတွက်မကောင်းဘူးဆိုတာ သခင်မလေး သိတယ်မဟုတ်လား....?"

"ဟင်.....ဦးကြီးဒေါင်း ကဘယ်လိုလုပ်.....?"

"သခင်မလေးရဲ့အကြည့်တွေက
ဒီလောက်သိသာနေတာကို မသိတဲ့သူက
အရူးပဲဖြစ်လိမ့်မယ် သခင်မလေး....
သခင်မလေးရဲ့အချစ်ရေးကို ကျွန်တော်မျိုး
ဘာမှဝင်မစွက်ဖက်လိုပါဘူး...သို့ပင်မဲ့ သခင်မလေးအတွက်မကောင်းဘူးထင်တဲ့အရာတွေကို ကျွန်တော်မျိုးက မဖြစ်မ‌နေတားရမယ့်တာဝန်ရှိတယ်....
အဲ့တာကြောင့် သခင်မလေး အိမ်ပြန်ဖို့
လိုအပ်နေပါပြီလို့ ပြောပါရစေ......."

"မဖြစ်တော့ဘူး...ဦးကြီးဒေါင်း...
ဆိုး ကိုတစ်ခုလောက်ကူညီပေးပါ....
ဆိုး ကျိန်းသေလုပ်ရမယ့်အရာရှိတယ်...."

"သခင်မလေးက တောင်းဆိုရင်
ကျွန်တော်မျိုး ဘာကိုမဆိုလုပ်ဆောင်
ပေးဖို့အသင့်ပါ....."

GHOST Girlfriend Hikayelerin yaşadığı yer. Şimdi keşfedin