"ဘာလို့ ဆိုး ကိုအဲ့လောက်တွေ့ချင်နေတာလည်း ဦးကြီးဒေါင်း....?
ဒီအတောအတွင်းလည်း ဆိုး ကိုတွေ့နိုင်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တယ်ထင်တယ်....""ဘာလို့လဲဆိုတော့..…..
ဖြစ်လာမယ့် ကံဆိုးမှုတွေကိုတားဆီးချင်လို့ပါ......ဒေါက်တာroseမရှိရင် အရှင်မက
ထွက်မလာဘူးဆိုတာသိတာမလို့
ဒေါက်တာ့ကိုအသုံးချလိုက်ရပါတယ်.....
အဲ့အတွက် ကျွန်တော်မျိုးကိုခွင့်လွှတ်ပါ......""ဒီ့ထပ်ပိုပြီးကံဆိုးဖို့ကောရှိသေးလို့လား ဦးကြီးဒေါင်း....ဒီအခြေအနေက
ဆိုးဝါးလွန်းနေပြီမဟုတ်လား........?""အဲ့တာတွေကို အသိပေးဖို့
ကျွန်တော်မျိုးရှိနေခဲ့တာမဟုတ်လား........?
တကယ်လို့ အရှင်မတို့ဒီအတိုင်းဆက်သွားရင်
အရင်တုန်းကလိုရက်စက်တဲ့ကံကြမ္မာက
တစ်ဖန်ပြန်လှည့်လာဦးမှာပါ တကယ်ပဲ အရှင်မလိုချင်တာ အဲ့လိုအခြေနေမျိုးလား.?"အရင်တုန်းကလိုရက်စက်တဲ့ကံကြမ္မာ...?ဆရာဝန်ကြီးနဲ့ဆိုး ပြောနေတာတွေကို နားထောင်နေရင်းနဲ့တောင်
ကိုယ်နားမလည်နိုင်ဘူး....ဒီ့ထပ်ပိုပြီး
ဘာတွေကရှိသေးတာလည်း.....
တစ်ခုသေချာတာကတော့
ထိုအရာက မကောင်းတဲ့ကိစ္စဆိုတာ
ဆိုးမျက်နှာကဖော်ပြနေတယ်
ဆိုး ဒီလောက်ထိမျက်နှာပျက်နေတာ
ပထမဆုံးဖြစ်ဖူးတာပါ......။"ဘာပဲဖြစ်ဖြစ် roseက
ဆိုး ကိုကာကွယ်ပေးမှာ မဟုတ်ဘူး
ကာကွယ်နိုင်တယ် အဲ့တာကြောင့်
မဖြစ်လာသေးတဲ့အရာတွေအတွက်
ကြိုတင်ပြီး ပူဆွေးမနေပါနဲ့ ဆိုး......""ဒေါက်တာ ကျွန်တော်ပြောတာကို အခုထိ
နားမလည်သေးဘူးလား.....?ဒေါက်တာတို့
ဒီ့ထပ်ပိုပြီးနီးစပ်လို့မရပါဘူးဆိုဗျာ......."
YOU ARE READING
GHOST Girlfriend
Fantasyမြင်သူတကာငေးရအောင်လှပပင်မဲ့ ဘဝပေးအခြေနေမလှတာကြောင့် ကြိုးစားရှင်သန်ရင်း မြို့ရွာလေးတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့ ဒေါက်တာrose တဖြစ်လဲ ယောင်းငယ်........၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ရွာငယ်လေးဟာ roseရဲ့ နှလုံးသားတံခါးဝကိုဖွင့်ဖို့သော့ချက်များဖြစ်နေခ...