part-(2)

502 69 1
                                    

ဘယ်နေရာကနေထွက်လာတဲ့အသံမှန်းမသိပင်မဲ့ ဘာကြောင့်မှန်းမသိ ထိုငိုသံလေးဟာ ကိုယ့်ကိုပါဝမ်းနည်းလာစေတယ်....ခြောက်ခြားစေတာမျိုးမဟုတ်ပဲ...နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာကို မီးစလေးနဲ့ထိုးဆွနေသလိုခံစားမှုမျိုး တဆစ်ဆစ်နဲ့ နာကျင်တယ်....။ဘာမှမဆိုင်တဲ့ ဘေးကကိုယ်လိုလူတောင်ဒီလိုခံစားနေရရင် ကာယကံရှင်ဆိုဘယ်လိုများနေမလဲ.......?ဘာကြောင့်များလဲ....?ဘာတွေက သူမကိုဒီလောက်ငိုစေတာလဲ........?ကိုယ်ကူညီနိုင်တာများရှိမလား....?ကိုယ်ကူညီနိုင်တာရှိလို့များ ကိုယ့်ကိုအသံပေးနေတာလား..........???

"ဒေါက်တာ ပြန်သွားတာဖြင့်ကြာလှနေပြီ အခုထိအိမ်ထဲမဝင်ရသေးဘူးလား...?"

လှမ်းအော်လိုက်တဲ့ မိုးရိပ်ရဲ့အသံကိုကြားမှ တွေးလက်စအတွေးတွေဟာရပ်တန့်သွားပြီး...မိုးရိပ်ကိုလှည့်ကြည့်ကာ..........။

"မိုးရိပ် မဟုတ်မှ ဒီအသံကိုမိုးရိပ်လည်းကြားရလား....?"

"ဒေါက်တာ မိုးရိပ်ကိုမခြောက်နဲ့နော် မိုးရိပ်က
မကြောက်ပဲမနေဘူးဗျာ......"

"ဘာသံမှမကြားရဘူးလား မိုးရိပ်....?"

ကိုယ်ပြောလိုက်မှ ကိုယ့်ဘေးနားကပ်လာပြီး ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်နေကာ...ကောင်မလေးငိုသံကိုတော့ကြားပုံမပေါ်.......။

"ဒေါက်တာ အိမ်ထဲဝင်ကြရအောင်နော်....မိုးရိပ်ဒီမှာ ရပ်မနေရဲတော့ဘူး....."

သူ့ကိုကြည့်ရတာ တကယ်ကြောက်နေပုံပေါ်တာနဲ့ ဘာမှဆက်မပြောပဲ သူဆွဲခေါ်ရာနောက်သို့အသာတကြည်လိုက်သွားလိုက်တယ်.....။
စိတ်ထဲမှာတော့ မတင်မကျရယ်....မျက်လုံးတွေကတော့ အသံပိုင်ရှင်လေးကိုရှာဖွေနေမိတုန်း.........။

"ဒေါက်တာ နည်းနည်းလေးမှမကြောက်ဘူးလား ဒေါက်တာ...?မိုးရိပ်ဖြင့် ကြက်သီးတွေတောင်ထတယ်.....အိုး...စဉ်းစားရင်းနဲ့တောင် ကြောက်လာပြီ...ဒါတောင် ဒေါက်တာ့လို ဘာအသံမှကြားရတာမဟုတ်ဘူးနော်....."

"တကယ်ပဲ မိုးရိပ်ကမကြားရဘူးပေါ့...?"

"တကယ်ပါဆို...ဆန်းတော့ဆန်းသားဒေါက်တာရယ်  ‌ဒီဒေသကလူမဟုတ်ရင်အဲ့အသံကိုမကြားနိုင်ဘူးလို့ပြောကြတာ ဒေါက်တာက ဘယ်လိုလုပ်ကြားနိုင်တာလည်းမသိဘူးနော်.....မဟုတ်မှ.......?"

GHOST Girlfriend Wo Geschichten leben. Entdecke jetzt