"မမကြီး အခန်းထဲမှာရှိလား....?"
"အင်း ဝင်ခဲ့လေ....."
"ပိုးယ ပြောစရာရှိလို့....."
"အင်း အတော်ပဲ ဆိုးလည်း ပိုးယကို
ကျိန်းသေပြောရမယ့်စကားရှိတယ်.....""ဘာလဲ...?မမကြီးမှာ ချစ်သူရှိတယ်ဆိုတာလား...?
ပြီးတော့အဲ့ချစ်သူက ယောင်း ဆိုတာကိုလေ....""ဟင်....ဘယ်...ဘယ်လိုလုပ်သိတာလဲ....?"
"အကြည့်တွေကအစ ဒီလောက်သိသာနေတာကိုမသိပဲနေပါ့မလား....?
မမကြီးလည်း ဒီလိုကျတော့ တော်တော်သတ္တိရှိတာပဲနော် ဖေဖေပေးစားမယ့်သူကငုတ်တုတ်ထိုင်စောင့်နေတာတောင် ဒီလာပြီးရည်းစားထားနေသေးတယ် ပြီးတော့
အဲ့လူကလည်းမိန်းကလေးတဲ့လား.....?""အခု တို့နှစ်ယောက်ကချစ်သူတွေဆိုတာ
သိသွားပြီဆိုတော့ ယောင်း နဲ့ဝေးဝေးနေပေးပါ ပိုးယ ...ယောင်းကကိုယ့်အပိုင်မလို့.....""ယောင်း ကိုဘယ်သူမှမပိုင်ဘူး...
ယောင်း ကိုယောင်းကသာပိုင်တာ....
ဆုံးဖြတ်တာကို သူလုပ်ပါစေ....မမကြီးလည်း တကယ်တကိုယ်ကောင်းဆန်တဲ့သူပဲ အချိန်တန်ရင်အတူအိပ်စက်ရမယ့်ရင်ခွင်ကသက်သက်ရှိနေတာတောင် ယောင်းရဲ့ရင်ခွင်ကိုတမ်းတနေသေးတာလား...? ယောင်းဘက်ကကော စဉ်းစားပေးကြည့်ဖူးသလား ဟင်...?
ကျန်ခဲ့ရမယ် ယောင်းရဲ့အဖြစ်ကို
တွေးကြည့်ဖူးသလား...?
မမကြီးကယောင်းရဲ့အသည်းကိုပျော်သလိုကစားပြီးခွဲခဲ့မယ်ပေါ့လေ ပိုးယ
ဒါကိုခွင့်မပြုနိုင်ဘူး....
ယောင်း နာကျင်မှာမှန်းသိသိကြီးနဲ့
ရပ်ကြည့်မနေနိုင်ဘူး မမကြီး ဒါတွေကိုကောတွေးမိရဲ့လား ဟင် ပြောစမ်းပါဦး....."
BẠN ĐANG ĐỌC
GHOST Girlfriend
Viễn tưởngမြင်သူတကာငေးရအောင်လှပပင်မဲ့ ဘဝပေးအခြေနေမလှတာကြောင့် ကြိုးစားရှင်သန်ရင်း မြို့ရွာလေးတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့ ဒေါက်တာrose တဖြစ်လဲ ယောင်းငယ်........၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ရွာငယ်လေးဟာ roseရဲ့ နှလုံးသားတံခါးဝကိုဖွင့်ဖို့သော့ချက်များဖြစ်နေခ...