Episode 2. Strawberries

1K 148 15
                                    

Unicode

ဘတ်စ်ကားမှောက်ရာတွင် တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့သည့် ကောင်လေးအကြောင်းပြောနေရင်း စကားတို့သည် တစ်ဖြေးဖြေးနဲ့ မူလစမှတ်ကိုသာ ပြန်ရောက်လာလေသည်။

" အချစ်...ကိုယ်တို့ပြောထားတဲ့ကိစ္စလေးလေ " ဖခင်သည် မျက်နှာချိုသွေးသည်။ သို့ပေသည့်တိုင် မိခင်၏ မျက်နှာသည် ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးအလား ဒေါသကြောင့် နီရဲနေသည်။

" ကျွန်မလက်မခံဘူးလို့ပြောပြီးပြီပဲ။ ဘယ်ကလေးကိုမှ မမွေးစားဘူး။ ကျွန်မက နောက်ကလေးယူဖို့မဖြစ်နိုင်တော့ပေမယ့် ကျွန်မတို့မှာ ထယ်ယောင်းရှိနေသေးတာပဲ။ ဒီကလေးလေးကိုတောင်မှ အချိန်မပေးနိုင်ဘဲနဲ့ နောက်ကလေးယူဖို့ရာ ရှင့်ပါးစပ်ကပြောထွက်တယ်နော် "

မိခင်ဖြစ်သူသည် အကြီးအကျယ် စိတ်ဆိုးနေလျှက်ရှိသည်။ အစောပိုင်းကလည်း သင်းအုပ်ဆရာနဲ့ စကားပြောနေစဉ်ခင်ပွန်းဖြစ်သူက ထိုသို့တောင်းဆိုလာခြင်းကြောင့် သူမဒေါသထွက်ကာ ထယ်ယောင်းဆီထွက်လာခြင်းဖြစ်သည်။

ထယ်ယောင်းကတော့ မည်သည့်အရာကိုမျှ နားမလည်ပါချေ။ မားတို့ပြောနေသည် သူညီလေးညီမလေး ရတော့မည်ဟူ၍လား၊ ညီလေးညီမလေးမရနိုင်တော့ဘူးဟူ၍လား သူနားမလည်တော့ချေ။ သူသိတာက မားသည် ပါးကို အကြီးအကျယ်စိတ်ဆိုးနေသည်ပင်။

" အန်တီသားရဲ့ အင်္ကျီမှာ သွေးတွေပေနေတယ် " ကလေးငယ်တစ်ယောက်၏ အသံလေးနဲ့အတူ လျှောက်လမ်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကလေးငယ်၏ အသံသည် ရယ်သံလွင်လွင်လေးနဲ့အတူ ထပ်မံထွက်ပေါ်လာသည်။

" ခစ် ခစ် အန်တီသားရဲ့ အင်္ကျီမှာ သွေးတွေပေနေတယ်၊ သုတ်ပေးလိုက်ပါဦး " ဒီတစ်ခါတော့ အသံသည် သူတို့၏ အနောက်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထယ်ယောင်း၏ မိခင်ရော ဖခင်ပါ ကြက်သီးမွှေးညှင်းထသွားကာ အနောက်သို့ လှည့်ကြည့်လိုက်သည့်အခါ ဂျောင်ကုသည် ထယ်ယောင်း၏ အနီရောင်ခရင်မ်တွေပေစွန်းနေသည့် အင်္ကျီအား လက်ညိုးထိုးပြပြီး ကြောက်စရာကောင်းတဲ့ အပြုံးကြီးကို ပန်ဆင်ထားသည်။

" နိုး နိုး ဒါက သွေးတွေမဟုတ်ဘူး ဟတ်ပီဘတ်ဒေးတူးယူလုပ်တဲ့မုန့်က အနှစ်တွေ " ထယ်ယောင်းသည် ခေါင်းလေးတစ်ယမ်းယမ်းဖြင့် မပီကလာပီကလာပြောလာသည်။

Escape: Back Of The Red Door Where stories live. Discover now