Unicode
ကုတင်ပေါ်ဝယ် အောက်ဆီဂျင်ပိုက်ဖြင့် လဲနေသည့် အဖိုးအိုတစ်ယောက်ရှိသည်။ သေချာကြည့်မည်ဆိုလျှင် ထိုအလင်းပျပျသာရှိပြီး ခြောက်သွေ့နေသည့်အခန်းထဲ အဖိုးအိုအပြင် အခြားတစ်ယောက်ပါရှိနေသေးသည်။ ထိုလူသည် အဖိုးအို၏ ကုတင်ခြေရင်းတွင် ဝင်ထိုင်ကာ မေးခွန်းတစ်ခုမေးလာသည်။
" Portal က ဘယ်မှာလဲ..."
" မင်းသိပြီးသားပဲကို ဘာလို့ ငါ့ကိုလာမေးနေတာလဲ " အဖိုးအို၏ တုန်ရီနေသောအသံသည် အလွန်ကို ဖျော့တော့နေသည်။
" အင်း သိပြီးသားပါ...ပြောစရာ စကားမရှိလို့။ အနည်းဆုံးတော့ ခင်များရဲ့ နောက်ဆံထွက်သက်ကို အဖော်ပြုပေးမလို့ "
" မလိုဘူး ငါတို့ကတိအတိုင်း ကလေးလေးကိုသာ သေချာစောင့်ရှောက်ပေးစမ်းပါ "
" ကလေးလေး...ငါသူ့ကိုခေါ်သွားမှာ။ လူ့လောကကြီးက သူ့အတွက် ကြမ်းတမ်းလွန်းတယ်..."
" သူကလက်ခံမှာတဲ့လား...မင်းရဲ့အဖြစ်မှန်ကိုသိတာနဲ့ မင်းရဲ့အဝေးကိုထွက်ပြေးလိမ့်မယ် Sunya...ဒီအတိုင်းလေးပဲ ဆက်ပြီးဟန်ဆောင်စမ်းပါ "
အဖိုးအို၏ စကားကြောင့် Sanya ရဲ့ ပါးပြင်ပေါ် မျက်ရည်တစ်စက်သည် တိတ်တိတ်လေး စီးကျလာသည်။ သူထိုမျက်ရည်ကို အသာကလေးသုတ်လိုက်သည်။ သူက လူသားတစ်ယောက်အတွက် ငိုကြွေးနေတယ်လား...ထူးဆန်းလိုက်တာ...
" အချိန်တောင်တော်တော်နောက်ကျနေပြီပဲ။ ခင်များကိုခေါ်မယ့် သေမင်းက ပေါ်လာမယ့်ပုံမပေါ်ဘူးပဲ။ အာ...ဟုတ်သား သူတို့တွေ Portal ဖွင့်ဖို့အလုပ်ရှုပ်နေကြမှာ။ အဲ့တော့ ကိုယ့်ဘာသာပဲ မရဏလမ်းကို သွားလိုက်တော့...ကလေးလေးကိုတော့စိတ်ချပါ ငါကာကွယ်ပေးမှာမလို့..."
Sanya သည် အေးစက်စက်စကားသံတွေနဲ့အတူ အဖိုးအို၏ နဖူးကို အသာထိတွေ့လာသည့် လက်ညှိုးသွယ်သွယ်လေးသည် အေးစက်တဲ့ အထိအတွေ့ကို ဆောင်ယူလို့လာသည်။ ထိုအထိအတွေ့နဲ့အတူ မော်နီတာမှ အချက်ပေးသံသည် စီခနဲမည်အောင် ထွက်ပေါ်လာတော့သည်။ မျက်တောင်တစ်ခတ်အတွင်းက နောက်ထပ်သေဆုံးမှုတစ်ခု...
YOU ARE READING
Escape: Back Of The Red Door
TerrorThe red door means protection. What is it protected from? They forbid to open the red door. Why do they forbid? I reached behind the red door. I saw something they were afraid of. But that is something warmly & lovely . . .