Unicode
" မာမီ...ကျွန်တော်ငယ်ငယ်ကလေ မတော်တဆတစ်ခုခုများဖြစ်ဖူးလားဟင်။ အမြင့်ပေါ်က ပြုတ်ကျတာမျိုး..."
" ဘယ်သူတွေက ဘာတွေပြောလိုက်ပြန်ပြီလဲ...မဖြစ်ဖူးပါဘူး..."
မွေးစားအမေရဲ့ အဖြေကြောင့် ထယ်ယောင်းမျက်ခုံးတို့တွန့်ချိုးသွားသည်။ လူတွေက လိမ်ညာခြင်းအတတ်မှာ ဘာလို့ ညံဖျင်းနေရတာလဲ...မွေးစားအမေ၏ ပုံမှန်မဟုတ်သည့် အသံလိှုင်းတို့သည် လိမ်ညာနေကြောင်းအထင်းသားပင်။
ထယ်ယောင်း ဒေါသတကြီးအော်ဟစ်သောင်းကျန်း ပစ်ချင်ပေမယ့် သားလိမ္မာလေးဆိုသည့် ပုံရိပ်ကိုမဖျတ်ဆီးချင်တာကြောင့် ဝမ်းနည်းစရာကောင်းသည့် လေသံလေးဖြင့်သာ မေးခွန်းထုတ်လိုက်သည်။
" မာမီ ဘာလို့လိမ်နေတာလဲ...မာမီတို့ ဘာတွေ လျှို့ဝှက်ထားတာလဲ "
" Vante . . သားဘာတွေပြောနေတာလဲ...အမေတို့ကို ဘာကို လျှို့ဝှက်ရမှာလဲကွယ်..."
" ဒါဆို ဗလာကျင်းဖြစ်နေတဲ့ ကလေးဘဝက မှတ်ဉာဏ်တွေကရော... မတော်တဆမှုကြောင့် အတိတ်မေ့နေတာမလား..."
" လွှဲပါစေ ချော်ပါစေတော်။ ဘယ်က မတော်တဆမှုတုံး...။ ဆယ်ကျော်သက်လူငယ်တွေတောင်မှ သူတို့ကလေးဘဝကို မမှတ်မိကြဘူး သားအသက်ကပဲ နှစ်ဆယ်ကျော်နေပြီကို။ ဒါက ပုံမှန်ပါပဲ..."
" အင်း...အတွေးလွန်သွားတာ တောင်းပန်ပါတယ် "
" နောက်အဲ့လိုလျှောက်မတွေးနဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ဦး.."
" ဟုတ်..."
ထယ်ယောင်း ဖုန်းချလိုက်ပြီးနောက် ကားသော့ကိုကောက်ယူကာ ဆေးခန်းသို့ ထွက်လာခဲ့သည်။ ဂျာမနီ၏ August ရာသီဥတုသည် ခပ်ဆွေးဆွေးပင်။ ရေဒီယိုမှ သတင်းတင်ဆက်နေသံမှာလည်း ခပ်သဲ့သဲ့ထွက်ပေါ်နေပေမယ့် သူ၏စိတ်တို့သည် သတင်းကို အာရုံမစိုက်နိုင်ချေ။ ကားမောင်းရင်းဖြင့် အတွေးနယ်ချဲ့နေမိသည်။
အခုဆို သူ့အသက် 26နှစ်ရှိဖြစ်သည်။ ဂျာမန်လူမျိုးတွေဖြစ်ကြတဲ့ မွေးစားမိဘတွေ၏ ကြည့်ရှုစောင့်ရှောက်မှုအောက်ဝယ် ကြီးပြင်းလာရသည်။ သူ့နာမည်သည် အောင်မြင်မှုလို့ အဓိပ္ပာယ်ရသည့် ကင်မ်ထယ်ယောင်း။ မွေးစားမိဘတွေကတော့ Vanteလို့ မှည့်ခေါ်ကြသည်။ ရိုးရှင်းသယောက်ဖြင့် ရှုပ်ထွေးလှတဲ့ သူ့ဘဝကြီးသည် ရှင်သန်ဖို့ရာ ငြီးငွေ့စရာပင်။
YOU ARE READING
Escape: Back Of The Red Door
HorrorThe red door means protection. What is it protected from? They forbid to open the red door. Why do they forbid? I reached behind the red door. I saw something they were afraid of. But that is something warmly & lovely . . .