Episope 12: Adryan City

737 112 0
                                    

Unicode

" မင်းဘာတွေပြောနေတာလဲ...မင်းသတိမေ့နေတာ ခြောက်လလောက်ရှိနေပြီ..."

" ဟမ်..."

ထယ်ယောင်းအနည်းကြာတွေဝေသွားပြီးနောက်...

" ငါဘာလို့ သတိမေ့သွားတာလဲ " ဟူ၍မေး၏။ Mr. Jordan အနေနဲ့ သူလူရိုက်မိတာကို ဝန်ခံမှာမဟုတ်ပေ။ ထို့အပြင် ထိုလူသည် သူ့ကိုအစောကတည်းကသိနေပုံရသည်။ သူ့ရဲ့ငယ်နာမည်ကို ခေါ်ခဲ့သည်မဟုတ်လား...

" လှေကားပေါ်က ပြုတ်ကျတာတဲ့လေ မမှတ်မိဘူးလား..."

" အာ...အ့.." ထယ်ယောင်း ခေါင်းလေးတစ်ငြိမ့်ငြိမ့်လုပ်တုန်း ဦးခေါင်းသည် လျှပ်တစ်ပြတ်ဆစ်ခနဲထိုးကိုလာ၏။

နာကျင်မှုက ဦးခေါင်းတစ်ခုလုံးပေါက်ထွက်တော့မတတ်ခံစားနေရသည်။ ထယ်ယောင်း သူ့ဦးခေါင်းကိုသူလက်နဲ့ ဆုပ်ကိုင်ကာ တစ်ချက်တစ်ချက်ကျ ထထုတတ်တာကြောင့် ရော်ဘက်ခ်သည် အလျှင်အမြန်ပင် ဆွဲရတော့သည်။

" အ့..အား...ငါ့ခေါင်း...ခေါင်း...ကိုက်တယ်...ဆရာဝန်ခေါ်ပေး..."

" Vante. . . မလုပ်နဲ့။ မလုပ်နဲ့ ငြိမ်ငြိမ်နေ။ မင်းချုပ်ရိုးကမကျတ်သေးဘူး။ ပိုဆိုးလိမ့်မယ်။ "

" အား..."

ခေါင်းကိုက်မှုသည် ပိုဆိုးလာသည်။ အစောကတောင် အကောင်းကြီး စကားတွေပြောနေသေးတာ ဘာလို့ရုတ်တရတ်အခုလို ထဖြစ်လဲဆိုတာကတော့ ထူးဆန်းသည်။ ရော်ဘက်ခ်သည် လက်တစ်ဖတ်က ရုန်းကန်နေတဲ့ ထယ်ယောင်းကိုဆွဲရင်း ကျန်တစ်ဖတ်သည် အရေးပေါ်ခလုပ်အား လှမ်းနှိပ်ရင်း တစ်ယောက်တည်း ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။

ဆရာဝန်နှင့် သူနာပြုများရောက်လာသည့်အခါ ထယ်ယောင်းဝိုင်းထိန်းရင်း ဆေးသုံးလုံးလောက် ချိတ်လည်းချိတ် ထိုးလည်းထိုးသွားသည်။ ထိုအခါ ဦးခေါင်းကိုက်သည့် ဝေဒနာသည် တစ်ဖြေးဖြေးသတ်သာလာတော့သည်။ ထိုဝေဒနာသည် ဘယ်လောက်တောင်မှ ပြင်းထန်လဲဆိုလျှင် ခေါင်းအုံပေါ် စိုနေသော ထယ်ယောင်း၏ မျက်ရည်စတို့က သတ်သေပင်ဖြစ်သည်။

ခေါင်းကချုပ်ရိုးသည် ထယ်ယောင်းလက်ချက်ကြောင့် အနည်းငယ်ဟသွားသော်လည်း အရမ်းကြီးဆိုးဆိုးဝါးဝါးမဖြစ်သွား။

Escape: Back Of The Red Door Where stories live. Discover now