Episode 4: Let Him Burn

923 142 13
                                    

Unicode

စစ္စတာစကားလက်သည် စိတ်လေးစွာဖြင့် အပေါ်ထပ်သို့တက်လာသည်။ အတိတ်တုန်းက ကိစ္စတွေကြောင့် သူ့အနေနဲ့ ဒီအပေါ်ထပ်ကြီးကိုမလာချင်ပေ။ စစ္စတာသည် လည်ပင်းမှာဆွဲထားသည့် လက်ဝါးကပ်တိုင်လေးအား ဆုပ်ကိုင်လိုက်ပြီး နောက်ဆုံးသော လှေကားထစ်အားကျော်ဖြတ်လိုက်သည်။

အေးစက်စက်နဲ့ ပုပ်အဲ့အဲ့အနံ့ကိုသယ်ဆောင်လာသော လေပွေဟာ အကြောင်းအရင်းမရှိပါဘဲ ဝုန်းခနဲတစ်ချက်ဆောင့်ကာ တိုက်ခိုက်လာသည်။ အိမ်အတွင်းပိုင်းမှာ တိုက်ခိုက်လာတဲ့လေဖြစ်တာကြောင့် စစ္စတာ၏ သံသယတို့သည် ပိုမိုခိုင်မာလာသည်။

အပေါ်ထပ်စင်္ကြံလမ်းတစ်လျှောက်တွင် ရေများစိုနေခဲ့သည်။ လူတစ်ယောက်သည် ရေစိုကြီးဖြင့်သွားထားသကဲ့သို့ ခြေရာများနဲ့ ရေကွက်များ ပေပွနေသည်။

ရေများသည် အနီရောင်တံခါးရှေ့ဝယ် အဆုံးသတ်သွားသည့်အပြင် ထိုအနီရောင်တံခါးသည်လည်း ခပ်ဟဟပွင့်နေခဲ့သည်။

ကျီ.....စစ္စတာသည် တံခါးကိုဖွင့်ရာ လက်လှမ်းလိုက်ပေမယ့် တံခါးသည် သူ့အလိုလိုပွင့်သွား၏။

" ဝတုတ်...ဒီအခန်းထဲမဝင်ရဘူးလို့ပြောထားတယ်လေ။ ပြန်လာခဲ့။ " ဝတုတ်သည် အမှန်တကယ်ပင် အခန်းထဲမှာ နောက်ကျောပေးလျှက် ရပ်နေခဲ့သည်။ ဒီလိုအခြေအနေမျိုးမှာ စစ္စတာစကားလက်ခ် မကြောက်ပါဘူးလို့ပြောနေလျှင် လိမ်ရာကျမှာပေါ့၊ စစ္စတာသည် တကယ်ကြောက်ရွံ့နေခဲ့သည်။ ထိုအရာသည် ဂေဟာတစ်လုံးကို ဗြောင်ဆန်အောင်လုပ်ခဲ့တုန်းက အချိန်ကို မှတ်မိပါသေးသည်။

မိခင်ကိုလည်း ဆုံးရံှုးခဲ့ရသလို၊ မောင်ဖြစ်သူကိုလည်းဆုံးရှုံးမလိုဖြစ်ခဲ့ရသည်။ ကိုယ်တိုင်လည်း မသေရုံတမယ်အသက်ဘေးမှ လွတ်မြောက်လာသည်မဟုတ်လား။ အတိတ်ဆိုးတွေနဲ့ ဒီနေရာကို တကယ်ကြောက်ရွံ့နေမိပါသည်။

" စစ္စတာ...သူ သူက ကျွန်တော်ကို သွားခွင့်မပြုဘူး..." ဝတုတ်သည် စစ္စတာစကားလက်ခ်ဘက်သို့ မျက်နှာလှည့်လာသည့်အခါ စစ္တာသည် တစ်ခုခုမှားယွင်းနေပြီကိုသိလိုက်သည်။

Escape: Back Of The Red Door Where stories live. Discover now