Episode 18: Died To Live

625 87 2
                                    

Unicode

" ခန..." Vincent သည် ထိုလူအား လှမ်းတားလိုက်သည်။ ထိုလူသည် နောက်သို့ပြန်လှည့်ကြည့်လာသည်။ ထိုလူ၏ စိမ်းပြာပြာမျက်ဝန်းတွေနှင့် ရွှေအိုရောင်ဆံပင်တွေကို သူရင်းနှီးနေသည်။ ထို့နောက် သူစကားဆက်ပြောသည်။

" ငါတို့ တစ်နေရာရာမှာ တွေ့ဖူးသလား..."

" ဝီလ်မင်းလူမှားနေပြီထင်တယ်...ငါတို့တစ်ခါမှ မတွေ့ဖူးဘူး " လူစိမ်းသည် ဖော်ရွှေစွာ ပြန်ဖြေပြီးနောက် ကျောခိုင်းကာ ထွက်သွားသည်။

ပြန်ဖြေလာသည့် လူစိမ်း၏ စကားသံသည် Vincent နားထဲ မိုးကြိုးသွားပမာပင်။ ထိုနာမည်ကို သူမကြားရသည်မှာ ဆယ်စုနှစ်နှစ်ခုစာလောက်ရှိပြီဖြစ်သည်။ လူတိုင်းသည် သူ့ကို Vincent Rovia ဟုသာ သိကြသည်။ သူ၏ နာမည်အပြည့်အစုံဖြစ်သည့် Vincent William Rovia ကိုမူ သိပ်မသိကြပေ။

" မင်းဘယ်သူလဲ " Vincent သည် အသိကပ်ကပ်ချင်း ထိုလူစိမ်းကို ဖမ်းဆွဲလိုက်သော်လည်း သူအနေနဲ့ လေကိုသာ ဖမ်းမိလိုက်သည်။ ရှင်းလင်းနေသည့် လမ်းမထက် လူနှင့်တူသည့် အရိပ်အရောင်တစ်ခုလေးမျှ မရှိတော့ပေ။ နေ့ခင်းကြောင်တောင်ကြီး သူသရဲတစ္ဆေမြင်လိုက်ရသလိုပင်။

Vincent သည် လေကိုသာ ဖမ်းဆုပ်မိသည့် သူ့လက်ကိုသူပြန်ကြည့်မိသည်။ အရာအားလုံးသည် သူ့အတွက်တောင်မှပဲ လျှပ်တပြတ်ဆန်ကာမြန်ဆန်လွန်းသည်။ ရုတ်တရတ်ရလိုက်တဲ့ နှင်းဆီနံ့ခပ်သင်းသင်းက စန္ဒီသုံးနေကြ ရေမွှေး၏အနံ့ကလေးပင်။

" ဝီလ်...မတွေ့တာကြာပြီနော်..." ရင်းနှီးတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံကြောင့် Vincent သည် အနောက်ကိုချာခနဲလှည့်ကြည့်မိသည်။

မျက်ဝန်းစိမ်းစိမ်းတွေနဲ့ ဆံနွယ်ကောက်ကောက်နီနီတွေရဲ့ပိုင်ရှင်ဟာ အတိတ်တုန်းက သူသိခဲ့သည့် စန္ဒီမှ စန္ဒီပင်။ ဆံနွယ်နီနီတို့သည် လေအဝေ့တွင် ကလူမြူးကခုန်နေကြသည်။

စန္ဒီသည် အတိတ်ကနေ့ရက်တွေလို လှပနေတုန်းပင်။ သို့သော်လည်း အရင်ကလိုတောက်ပစွာပြုံးနေခြင်းမရှိတော့ဘဲ ခပ်ဖျော့ဖျော့သာပြုံးသည်။ သူမ၏အပြုံးသည် မြင်ရသူအဖို့ သူမဘယ်လောက်နာကျင်နေလဲဆိုတာ ခံစားမိစေနိုင်သည်။

Escape: Back Of The Red Door Where stories live. Discover now