Episode 20: Run!

563 85 4
                                    

Unicode

ဂျောင်ကုသတိရလာသည့်အခါ သူသည် ဘုရားကျောင်းပျက်ထဲသို့ရောက်လို့နေသည်။ တိုင်တစ်ခုတွင် လက်မြှောက်လျက်ကြိုးချည်ထားခြင်းကို ခံထားရသည်။ ကားမှောက်တုန်းက ရထားတဲ့ဒဏ်ရာတွေက သူ့အတွက်တော့ မပြောပလောက်ပေမယ့် ကပ်စီးနေသည့်သွေးအလိမ်းလိမ်းဖြင့် အတော်ပင် ရုပ်ပျက်နေသည်။

ဂျောင်ကုရုန်းသော်လည်း ကြိုးသည်မပျက်သွားချေ။ ပိုလို့ပင်တင်းကြပ်လာကာ ပူလာသောကြောင့် လက်မှာချည်ထားတဲ့ကြိုးကို သေသေချာချာမော့ကြည့်မိသည်။ ချည်ထားသည့်ကြိုးသည့် သာမာန်ကြိုးမဟုတ်ဘဲ အစီအရင်များဖြင့် စီရင်ထားသည့် ကြိုးဖြစ်နေသောကြောင့် သူဒေါသထွက်ကာ ဆဲရေးမိလိုက်သည်။

" ချီးလိုပဲ "

ထို့နောက် ခြေသံအချို့ကြောင့် အပေါက်ဝကိုသူကြည့်မိသည့်အခါ အမည်းရောင်ခေါင်းစွပ်ဝတ်ရုံနဲ့ အမျိုးသမီးတစ်ယောက်သည် ဘုရားကျောင်းထဲသို့ဝင်လာနေသည်။ သူမ၏ ခြေလှမ်းတစ်လှမ်းတိုင်းမှာ ဘုရားကျောင်းထဲရှိ ဖယောင်းတိုင်များသည် သူ့အလိုလိုမီးတောက်လို့လာသည်။ ခေါင်းစွပ်ဝတ်ရုံကြောင့် ထိုအမျိုးသမီး၏ မျက်နှာကို မမြင်ရသော်လည်း သူရင်းနှီးနေသလိုခံစားနေရသည်။

" မင်းဘယ်သူလဲ...ဘယ်လိုသတ္တိနဲ့များ ငါကိုချုပ်နှောင်ထားရဲရတာလဲ!!! " ဂျောင်ကုသည် အသံနက်ကြီးဖြင့်အော်လိုက်သည်။ ဘုရားကျောင်းကြီးတစ်ခုလုံး သိမ့်ခနဲတုန်ခါသွားပြီးနောက် အမျိုးသမီးသည် သူ့အားမော့ကြည့်လာသည်။

အမျိုးသမီးသည် သူမ၏ ခေါင်းစွပ်ကို ချွတ်ချလိုက်သည့်အခါ ဂျောင်ကုတစ်ယောက် လုံးဝမယုံကြည်နိုင်ဖွယ်ဆွံ့အသွားတော့သည်။

" Sunya " အမျိုးသမီးသည် သူ့ကိုယ်သူ Sunyaစူ၍ ပြောလာသည်။ အသံမှာလည်း နှစ်ထပ်ဖြသ်နေကာ အမျိုးသားတစ်ယောက်ရဲ့ အသံနက်ကြီးကရောယှတ်ပါဝင်လို့နေသည်။

ညမိုးချုပ်နေပြီဖြစ်ပေမယ့် လိန်းတစ်ယောက် မြို့ပြင်နားက Black Rose ဘားသို့အမြန်မောင်းထွပ်လာသည်။ ဘားသို့ရောက်သည့်အခါ ထူးဆန်းစွာနဲ့ မည်သူမှရှိမနေချေ။ အမျိုးသမီးတို့ရဲ့ ဆဋ္ဌမအာရုံအရ အခြေအနေမကောင်းဘူးဆိုတာကို သူမရိပ်မိနေသည်။ ဘားထဲ၌ Jazzဂီတခပ်မြူးမြူးက သူ့အလိုလို ပျံ့လွင့်နေသည်။ နှင်းဆီအနံ့ခပ်သင်းသင်းကလည်း ထူးဆန်းစွာနဲ့ သင်းပျံ့နေသည်။

Escape: Back Of The Red Door Where stories live. Discover now