Unicode
" CEO ရှင့်...မမလေးလိန်း(Lane)တို့ ကုမ္ပဏီက လူရောက်နေပါတယ်..." အတွင်းမှူးသည် ခြေလှမ်းအကျဲကြီးများဖြင့် လမ်းလျှောက်နေသည့် CEO နောက်အားပြေးလိုက်ရင်း တီးတိုးပြောလာသည်။
" ငြင်းလိုက်..." ဂျောင်ကု ထိုအဖြေတစ်ခုကိုသာပေးပြီးနောက် ဖုန်းတစ်callခေါ်လိုက်သည်။
" လိန်း...မင်းကိုယ်တိုင်မလာသရွေ့ ငါအဲ့စာချုပ်မှာ လက်မှတ်မထိုးဘူး "
" ခွေးကောင်...ငါ့လူကို ဖြဲခြောက်ဖို့ ကြံနေပြန်ပြီလား " ဖုန်းတစ်ဖတ်က လိန်း၏ ဆဲရေးသံကို ကြားတဲ့အခါ ဂျောင်ကုသည် ခပ်တိုးတိုးရယ်သည်။
" ငါကဖြဲမခြောက်တတ်ပါဘူး...ဒါပေမယ့် သိတယ်မလား သူတို့ကတော့ လိုက်ပြီးခြောက်လိမ့်မယ်..."
" နင်....နင်..နင်ဟာလေ လူသားတွေကိစ္စမှာ အဲ့သရဲတွေအကြောင်း ထည့်မပြောစမ်းနဲ့ "
" ဒါဆို ကုမ္ပဏီလာခဲ့ မတွေ့တာကြာတော့ လွမ်းနေတာ..."
" ဝေါ့...ချီးစားပြီးပြောရင်တောင် မယုံဘူး..."
တစ်ဖတ်တွင် ထယ်ယောင်း၏ အကြည့်တို့သည် ထိုလူဓာတ်လှေကားထဲ ဝင်သွားသည့်တိုင် မခွါနိုင်ချေ။
" ဒီမှာ...ဒီမှာရှင့် CEOက အခုမအားသေးလို့ပါတဲ့..." ဧည့်ကြိုမလေး၏ စကားသံကြားမှသာ ထယ်ယောင်း အသိပြန်ကပ်လာသည်။
" အစောနကလူက Mr. Jordan လား.."
" ဟုတ်ပါတယ် "
" Fuck! " ထယ်ယောင်း တီးတိုးဆဲရေးလိုက်ပြီးနောက် ထိုလူ့အနောက်ပြေးလိုက်တော့သည်။ ဘယ်လိုသောက်ကျိုးနည်းအခြေအနေကြီးလဲ။ ငါအခု စာချုပ်ချုပ်မည့်အထက်လူကြီးနောက်ကို လိုက် ေနတာလား...မကောင်းဆိုးဝါးဝိညာဉ်နောက်ကို လိုက်နေတာလား...ချီးလိုပဲ။
ကံကြမ္မာသည် ထယ်ယောင်း ဘက်ရှိမနေပါ။ အသည်းအသန်ပြေးလွှား၍ လိုက်သွားသော်လည်း လက်တစ်ကမ်းအလိုမှာ ဓာတ်လှေကားတံခါးသည် ပိတ်သွားလေပြီ။ လျှင်မြန်လွန်းသည့် ထိုစက္ကန့်ပိုင်းလေးအတွင်း ဓာတ်လှေကား တစ်ဖတ်တစ်ချက်စီမှ သူတို့နှစ်ဦး အကြည့်ချင်းဆုံမိသည်။ ပိတ်သွားသည့် ဓာတ်လှေကားတံခါးနှင့်အတူ Mr. Jordan ၏ လှောင်ပြုံးက သူ့မျက်လုံးထဲမှ မထွက်ပေ။
YOU ARE READING
Escape: Back Of The Red Door
HorrorThe red door means protection. What is it protected from? They forbid to open the red door. Why do they forbid? I reached behind the red door. I saw something they were afraid of. But that is something warmly & lovely . . .