Episode 22: Nightmare

592 85 5
                                    

Unicode

" ကိုယ်မင်းကို သိပ်ချစ်တာ သိထားပေးနော် ထယ်..."

" ဟင့်အင်းမပြောနဲ့ " ဒီတစ်ခါတော့ ထယ်ယောင်းသည် ဂျောင်ကု၏ လည်ဂုတ်ကို သိုင်းဖတ်ကာ ကလေးငယ်တစ်ယောက်လို တွယ်ကပ်လာသည်။

" မင်း...မင်းအရမ်းမုန်းဖို့ကောင်းတာပဲ။ ငါ့ကိုလည်း သတ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ငါ့မှတ်ဉာဏ်တွေကိုလည်း ရှုပ်ထွေးအောင်မင်းလုပ်ခဲ့တယ်။ ငါနားမလည်နိုင်တဲ့ ကိစ္စတွေအများကြီး လုပ်ထားပြီးမှ အခုဘယ်ကို ထွက်သွားဖို့ကြံနေရပြန်တာလဲ။ ငါ့ကို နည်းနည်းလေးမှ မရှင်းပြချင်တော့ဘူးလား..." ထယ်ယောင်းသည် ငိုသံစွတ်နေသည့် အသံသေးသေးလေးဖြင့်ဆိုလာသည်။

" ဘယ်ကမှန်းမသိဘဲ ပေါ်လာတယ်။ ငါ့မိဘတွေကို ကျိန်ဆဲခဲ့တယ်။ ငါ့အနားမှာကပ်နေတယ်။ ငါ့ကိုဒုက္ခမျိုးစုံပေးတယ်။ ပြီးတော့...ပြီးတော့...ဘာကြောင့်မှန်းမသိဘဲ ချစ်တယ်လို့ဆိုတယ်..."

ထယ်ယောင်း၏ အသံသည် အဆုံး၌ တိမ်ကောသွားလေသည်။ ရှိုတ်သံသည်လည်း တစ်စတစ်စထွက်ပေါ်နေသည်။ ထို့နောက် အားတင်းက ဆက်ပြောသည်။

" ငါက လူသားတစ်ယောက်ပါ...လူသားတစ်ယောက်ပါ! နာကျင်တတ်တယ်။ ပြိုလဲတတ်တယ်။ ကြောက်ရွံ့တတ်တယ်။ မင်းလို မကောင်းဆိုးဝါးကောင်ကတောင်မှ ခံစားချက်တွေရှုပ်ထွေးနေရင် လူသားဖြစ်တဲ့ ငါကဘယ်လိုနေမလဲ...."

" တိတ်တော့..မငိုနဲ့တော့။ အိမ်ပြန်ချိန်နောက်ကျနေတော့မယ်။ " ဂျောင်ကုသည် ထယ်ယောင်း၏ မျက်ရည်များကို အသာသုတ်ပေးကာ ဆိုလာသည်။

" ဟင့်အင်း....ဘယ်ကိုမှမပြန်ဘူး။ ဒီနေရာက ငါ့အိမ်ပဲ။ ဒီနေရာနဲ့ အသားကျနေကာမှ ဘယ်ကိုထပ်ပို့ချင်သေးတာလဲ။ အခုတောင် မှတ်ဉာဏ်တွေများလွန်းလို့ ဘယ်ဟာက အစစ်အမှန်မှန်းမသိတော့ဘူး "

" ဒါကြောင့် ပြောတာပေါ့ ကလေးငယ်သာ အိမ်မက်ကနိုးလာရင် အရာအားလုံးပြီးဆုံးသွားတော့မှာ ချစ်တယ်နော် " ဂျောင်ကုသည် မျက်ရည်များကြားကပင် ထိုစကားလုံးလေးတွေကို နူးနူးညံ့ညံ့ဆိုလာသည်။ ထို့နောက် ဂျောင်ကုသည် ထယ်ယောင်း၏ နဖူးအား နွေးထွေးသည့်အနမ်းတစ်ပွင့်ခြွေသည်။

Escape: Back Of The Red Door Where stories live. Discover now