Episode 6. Liar

829 141 6
                                    

Unicode

" ထယ်ယောင်း ကိုယ့်ကိုကိုယ်လိမ်ညာနေတာက အပြစ်တစ်ခုပဲဆိုတာ သားသိတယ်မလား " ဆရာသည် ထယ်ယောင်းပုခုံးအား နှစ်သိမ့်ဟန် အသာပုတ်ပေး၍ပြောလာသည်။

လူတွေက အချို့အရာတွေကို လက်သင့်မခံနိုင်တဲ့အခါ အပြင်းအထန်ကို ငြင်းဆန်ကန့်ကွက်ကြလိမ့်မည်။ သူတို့ကိုယ်သူတို့ လိမ်ညာကြလိမ့်မည်။ ဘယ်လောက်ပဲ မျက်ဝါးထင်ထင် ကြုံရဆုံရခဲ့ပါစေ ကိုယတိုင်က လက်မခံနိုင်ဘဲ ကိုယ့်စိတ်ကိုကိုယ် ပြန်လိမ်နေမယ်ဆိုရင်တော့ ဘာမှမဖြစ်ခဲ့သလို ပျောက်ကွယ်သွားလိမ့်မည်။

အထူးသဖြင့် ထယ်ယောင်းလို စိတ်ဒဏ်ရာများစွာနဲ့ ကလေးငယ်သည် ကိုယ့်ကိုကိုယ် ပုံရိပ်ယောင်တွေကြားမှာပဲ ပိတ်လှောင်ထားတတ်သည်။ ဂျောင်ကုက လူကောင်းမဟုတ်မှန်းသိပါရဲ့ လူကောင်းပါလို့ ကိုယ့်ကိုကိုယ်ပြန်ပြီးလိမ်ညာတတ်သည်။

ထယ်ယောင်းသည် ခေါင်းကိုသာ အတွင်တွင်အခါခါယမ်းနေသည်။ မဟုတ်ဘူး...မဟုတ်ဘူးလို့!!! သားမညာဘူး။ ဂျောင်ကုက လူကောင်း...လူကောင်းလို့။ ဘာလို့ အကုန်လုံးက သူ့ကို မုန်းနေကြတာလဲ...။

" ကလေး..." စစ္စတာ စကားလက်ခ်သည် မျက်ရည်များဝဲနေခဲ့သည်။ ထို့နောက် ဝှီးချဲပေါ်မှပင် ထယ်ယောင်းကို ပွေ့ဖတ်ပေးထားမိသည်။ သူမသိတာပေါ့ ထယ်ယောင်းလိုအပ်နေသည်က နွေးထွေးတဲ့ ပွေ့ဖတ်မှုတစ်ခုဆိုတာကို။

" အဆင်ပြေသွားမှာပါ...အားလုံးအဆင်ပြေသွားမှာ..."

ထယ်ယောင်းသည် စစ္စတာကို ပြန်လည်ဖတ်တွယ်ထားရင်း ခေါင်းရမ်းလာပြန်သည်။ မဟုတ်ဘူး။ အဆင်မပြေနိုင်ဘူးတဲ့။ ပြတင်းပေါက်က ခေါင်းပြတ်ကြီးက သူ့ကို လှမ်းအော်ပြောနေတယ်။ ဒီလူတွေက မင်းကိုညာနေတာတဲ့။

" သားက လိမ္မာပါတယ်...နော်... အခုသားလုပ်ရမှာက ဂျောင်ကုနဲ့ စိတ်ဆိုးကြေးကစားရုံပဲ။ ကစားလို့မပြီးမချင်း ဂျောင်ကုနဲ့ အပေါင်းအသင်းလုပ်လို့မရဘူးနော်။ ခနလေးပါပဲ။ ပျော်စရာကောင်းမှာပါ..."

စစ္စတာ စကားလက်ခ်သည် ထယ်ယောင်း၏ ကျောပြင်အား အသာပုတ်ပေးနေရင်းပြောသည်။ အခုချိန်မှာ အရေးကြီးဆုံးက ထယ်ယောင်းဘေးကင်းဖို့သာ။ ကပ်ပါးကောင်သည် ထယ်ယောင်းကိုမျက်စိကျနေသည့်အတွက် ထယ်ယောင်းအတွက် ဘေးကင်းမှုမရှိ။

Escape: Back Of The Red Door Where stories live. Discover now