Episode 21: He told me that he loved me

587 91 2
                                    

Unicode

Ozzy သည် သွေးတွေပေနေသည့် လက်နှင့်ပင် လိန်း၏ပါးကုိ အသာဆုပ်ကိုင်လာသည်။ ထို့နောက် နတ်ဆိုးဆန်တဲ့ အပြုံးကိုပန်ဆင်ကာ...

" လိမ္မာစမ်းပါ " ဟူ၍ အေးစက်စက်ပြောလာသည်။

ထို့နောက် လိန်း၏ နှလုံးကိုလည်း ရှေးကနည်းတူထုတ်ယူလာသည့်အတွက် လိန်းအနေနဲ့ 'အစ်'ဆိုသည့် အသံလေးသာ ပြုလိုက်နိုင်သည်။ ထို့နောက် နာကျင်မှုကိုတောင်မခံစားနိုင်တော့ဘဲ သူမအမြင်တွေအမှောင်ကျသွားတော့သည်။

" ဘာလို့ မင်းလဲ..." ဘုရားကျောင်းပျက်ထဲက ဂျောင်ကုသည် သူ့ရှေ့ကအမျိုးသမီးကိုကြည့်ရင်း မယုံကြည်နိုင်မှုတွေဖြင့် မေးလိုက်သည်။

" သိပ်အံ့သြသွားသလား..." အသံနှစ်ထပ်ဖြစ်နေသည့် အသံနက်ကြီးဖြင့် ဂျောင်ကုအားပြန်ပြောလာသည်။ ထိုသူသည်ကား အခြားသူမဟုတ် ဝင်ပူးခံထားရသည့် လိန်းပင်ဖြစ်သည်။ Sunya ၏ ဝိညာဉ်အစိတ်အပိုင်းဖြစ်သည့် Ozzy သည် Portalကို ဖွင့်ဖို့ရာ ကြားခံလိုအပ်သည်။ တနည်းဆိုသော် Portal ကို Sunya ရွေးချယ်ထားသည့် သတို့သမီးဆိုသူကပင် ဖွင့်နိုင်မည်ဖြစ်သည်။

" လိန်း! သတိထားစမ်း! သူ့ကိုထိန်းချုပ်ခွင့်မပေးလိုက်နဲ့။ လိန်းမင်းရှိနေတယ်ဆိုတာ ငါသိတယ်နော် လိန်း!!! " ဂျောင်ကုသည် ဝင်ပူးခံထားရသည့် လိန်းတစ်ယောက် သတိပြန်ရလိုရငှား အော်ဟစ်နေမိသည်။

ထိုအခါ Sunya သည် မျက်စံမရှိတဲ့မျက်သားဖြူဖြူတို့ဖြင့် သူ့ကုိစိုက်ကြည့်လာသည်။

" တိတ်စမ်း! မင်းဆက်အော်နေမယ်ဆို ငါသူ့ကို သတ်ပစ်ရလိမ့်မယ် " Sunya ၏ စကားသံနဲ့အတူ ဘုရားကျောင်းပျက်ထဲသို့ လွင့်မြောလာသည့် ခန္ဓာကိုယ်တစ်ခု။ ခပ်လွင့်လွင့် ပျံဝင်လာသည့် သတိမေ့နေသော ထယ်ယောင်းသည် ဂျောင်ကုရှေ့ရောက်တဲ့အခါ လေထဲမှကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျလာသည်။

" ဘယ်သူလဲ...လိန်းလား....ထယ်ယောင်းလား..." Sunyaသည် ထယ်ယောင်း၏ ခြေထောက်ကို နင်းချေကာ မေးလာသည်။ အရိုးကျိုးသံတဂျွတ်ဂျွတ်နှင့်အတူ ထယ်ယောင်း၏ အော်သံသည်ထွက်ပေါ်လို့လာသည်။

Escape: Back Of The Red Door Where stories live. Discover now