Episode 19. Accident

573 87 0
                                    

Unicode

လိန်းသည် စိတ်ထဲမသတ်မသာခံစားနေရသည်။ လူသတ်သမားက ဘာလို့သူမကိုအလွတ်ပေးထားလဲဆိုတာ သူမနားမလည်နိုင်ပေ။ သူမဆေးရုံခန်းထဲပြန်ဝင်လာကာ ပြန်တော့မည်ဖြစ်ကြောင်း ထယ်ယောင်းကိုနှုတ်ဆတ်လိုက်သည်။ ထို့နောက် ရော်ဘက်ခ်နှင့်မတိုးနိုင်အောင် ခပ်သွက်သွက်ထွက်သွားတော့သည်။

" ရန်ဖြစ်ထားတာလား လိန်းနဲ့..." ထယ်ယောင်းသည် အခန်းထောင့်မှာထိုင်ကာ စာအုပ်ဖတ်နေသည့် ဂျောင်ကုထံချောင်းကြည့်ကာမေးလာသည်။

" ဟင့်အင်း " ဂျောင်ကုသည် အေးအေးလူလူပင်ပြန်ဖြေသည်။

ထယ်ယောင်း ဂျောင်ကုအား နောက်တစ်ခေါက်ထပ်ချောင်းကြည့်မိသည်။ ဂျောင်ကုသည် ရွှေရောင်ကိုင်းနဲ့ မျက်မှန်တစ်လတ်တပ်ကာ စာကိုအာရုံစိုက်စွာ ဖတ်နေသည်။ ဘောင်းဘီအမည်း ရှပ်အင်္ကျီအမည်း ကုတ်အင်္ကျီအမည်း ဝတ်ထားတာမလို့ အရင်လို အရိပ်တွေမမြင်ရတော့ပေ။

" ဟမ့် သောက်အဓိပ္ပာယ်မရှိလိုက်တာ " ထယ်ယောင်း တစ်ယောက်တည်းတီးတိုးရေရွတ်မိသည်။

" မင်းကဘာလဲ "

ရုတ်တရတ်ထမေးလာတဲ့ ဂျောင်ကု၏ မေးခွန်းကြောင့် ထယ်ယောင်းတစ်ယောက်ကျောတောင့်သွားသည်။ ဂျောင်ကုကို နားမလည်စွာ ပြန်ကြည့်မိသည့်အခါ ဂျောင်ကုသည် ဓားတစ်လတ်လို စူးရှသည့်အကြည့်တို့ဖြင့်သူ့ကို ပြန်ကြည့်နေခဲ့သည်။ သူစိတ်ကသိကအောက်ဖြစ်စွာနဲ့ပင် ခေါင်းပြန်ငုံ့လိုက်သည်။

ဂျောင်ကုကဆက်မေးသည်။

" စုန်းလား အပနှင်သူလား Mediumလား ဟမ်...ငယ်ငယ်တုန်းကကျတော့ Medium တစ်ယောက်လို ပြုမူနေခဲ့ပြီး၊ အရင်တစ်ခေါက်တွေ့တုန်းကဆို အပနှင်သူလိုပြုမူနေတယ်။ အခုကျ...အခုကျ ဟိုစုန်းပေါက်စမလေးနဲ့ပေါင်းပြီး စုန်းတစ်ယောက်လို ပြုမူနေပြန်တယ်။ ထယ်...တကယ်ပဲ မင်းကဘာလဲ..."

ထယ်ယောင်းသည် ခေါင်းငုံ့ထာသရင်းနဲ့ပင် တစ်ချက်လှောင်ရယ်လာသည်။ ဂျောင်ကုမေးခွန်းအတွက်သူ့မှာ အဖြေမရှိပေ။ ဘယ်လိုအကြောင်းအရာတွေက သူကိုဒီလိုဖြစ်အောင်တွန်းပို့ခဲ့ကြတာလဲ။ ဖြစ်ပျက်ခဲ့သမျှသည် မြူဆိုင်းနေသည့်မှတ်ဉာဏ်တို့ဖြင့် မနေ့တနေ့ကလိုပင်။

Escape: Back Of The Red Door Where stories live. Discover now