Episode 11: Red Door

724 122 8
                                    

Unicode

စကားသံတွေ...အမှောင်ထဲက စကားသံတွေက ဘာလို့အဲ့လောက်တောင် ဆူညံနေရတာလဲ...

" Vante မပြေးနဲ့လေ ချော်လဲမယ်..."
" No...no..no, Vante läuft nicht. Vante က မာမီမြန်မြန်ရောက်ချင်ရုံပါ..."

" ထယ်ယောင်း...မပြေးနဲ့လေ..."
" မား...သားသားကိုလိုက်ဖမ်းလေ...သားကိုဖမ်း...."

" Vante...Strawberry or Chocolate? "
" Chocolate...Strawberry တွေက ကြောက်စရာကောင်းတယ်..."

" ဒီမှာ သားကြိုက်တဲ့ Strawberry ice-cream "
" ရေး....Strawberry ကွ! "

ဆူညံလွန်းတယ်။ ရှင်းလင်းခြင်းမရှိတဲ့ အမြင်အာရုံတွေနဲ့ ပဲ့တင်ထပ်နေတဲ့ အပြိုင်စကားသံတွေ။ မတူညီတဲ့ ဘာသာစကားတွေ။ ဖော်ပြနိုင်စွမ်းမရှိတဲ့ ခံစားချက်တွေ တကယ်ကုိ ရှုပ်ထွေးလွန်းသည်။

" သား သူငယ်ချင်းသစ်တွေနဲ့ သွားဆော့နော်..."
" သားသူငယ်ချင်းရောဟင်...သူရော..သူ့နာမည်..သူ့နာမည်ကို...ဘာလို့မမှတ်မိရတာလဲ..."

" မင်းကအသစ်လေးမလား။ ငါက ဂျောင်ကု။ မင်းတော့မသိဘူး ငါတော့မင်းကို အရမ်းသဘောကျတာပဲ ခစ်ခစ် "
" ထွက်...သွား.."

ဘာတွေလဲ...ဘာတွေလဲ ရှုပ်ထွေးလွန်းတယ်။ ဒါအိမ်မက်တစ်ခုပဲမလား။ နိုးထပါတော့...ကျေးဇူးပြုပြီး ဒီရှုပ်ထွေးလွန်းတဲ့ ပုံရိပ်တွေထဲက နိုးထပါတော့။ ဝေဝါးနေသည့် ပုံရိပ်များသည် သူ၏ ခေါင်းထဲတစ်ဝဲလည်လည်ပေါ်လာလိုက် ပျောက်သွားလိုက် နောက်တစ်မျိုးပြောင်းသွားလိုက်နှင့် သန်းခေါင်ယံမှာ မြူးထတဲ့တစ္ဆေတွေအလားပင်။

ပထမပုံရိပ်သည် ဆီးနှင်းများပိတ်ဆို့နေသည့် လမ်းမပေါ်ဝယ် မီးလောင်နေသည့် ကားတစ်စီးရှိလေသည်။ ကားထဲမှ အမျိုးသမီးသည် သူအား နောက်ဆုံးထွက်သတ်ထိ မျက်ရည်များကြားကပင် ပြုံးပြနေသည်။

နောက်ထပ် ပြောင်းလဲသွားသည့် ပုံရိပ်မှာတော့ တစ်စုံတစ်ယောက်က သူ့ကိုငုံ့မိုးကာ ကြည့်နေသည်။ ထိုလူ၏ အနောက်ကအလင်းရောင်ကြောင့် မျက်နှာကို သေချာမမြင်ရသော်လည်း ကြောက်စရာကောင်းအောင် ပြုံးနေသည်ဟု သူထင်မိသည်။ ထို့နောက် ထိုလူသည် သူ့အား စတော်ဘယ်ရီသကြားလုံးစားမလားဟု မေးလာခဲ့သည်။ သူတွန်းထုတ်မိခဲ့တယ်ထင်သည်။ မရေရာပေ။

Escape: Back Of The Red Door Where stories live. Discover now