Episode 5. Behind Those Angel Eyes

876 137 7
                                    

Unicode

" ဂျောင်ကု! " ဂျောင်ကု၏ ဖခင်သည် ဒေါသတကြီးနာမည်အော်ခေါ်လိုက်သည့်အခါ အခန်းတံထားဝမှ ဂျောင်ကု၏ကိုယ်လေး တစ်ချက်တွန့်သွားသည်။

" မင်းဒါဘာလုပ်နေတာလဲ ဟမ်! ရူးနေလား " ဖခင်ဖြစ်သူသည် ပါးစပ်ကလည်း ဒေါသထွက်စွာအော်ရင်း တံခါးနီအား ဖျတ်ဖို့ရာ ကြိုးစားနေတော့သည်။ အထဲမှ မီးခိုးများသည် မြင်မကောင်းအောင် တလူလူထွက်နေလေသည်။ ညော်နံ့ကလည်း ဂေဟာတစ်ခုလုံးကို ပြန့်လွင့်နေသည်။

" ဖေဖေ...သား..သားလုပ်တာမဟုတ်ဘူး သားဘာမှမသိဘူး " ဂျောင်ကုသည် စိတ်ပျက်ဖို့ကောင်းလောက်အောင် ထပ်မံသရုပ်ဆောင်ပြန်၏။ သူ၏ မျက်လုံးများသည် မျက်ရည်ကြည်လေးများဖြင့် ကြည်လင်ကာ အပြစ်ကင်းစင်လွန်းသည်။ ထိုအပြစ်ကင်းစင်လွန်းသည့် မျက်ဝန်းတို့ထဲက မကောင်းဆိုးဝါးကိုတော့ မည်သူမျှ တွေ့နိုင်မည်မထင်။

ဒီဆရာသည် ဆေးရုံမှာ သူ့သမီး စကားလက်ခ်နဲ့အတူ ရှိနေရမှာမဟုတ်ဘူးလား...။ ဘာလို့ပြန်လာတာလဲ။ ဘာလို့ လိုက်နှောင့်ယှတ်နေရတာလဲ...။

" မင်းပါးစပ်ကို ပိတ်ထားလိုက် ငါဘာမှမကြားချင်ဘူး " ဖခင်ဖြစ်သူသည် ဂျောင်ကုအား လက်ညိုးငေါက်ငေါက်ထိုးပြီး ပိတ်အော်လာသည်။

အခန်းထဲ ပိတ်မိနေသည့် ထယ်ယောင်းသည် ဆရာ့အသံကို ကြားသော်လည်း သူအနေနဲ့ ဘာမှမတက်နိုင်တော့ပေ။ ပူပြင်းစွာတောက်လောင်နေတဲ့ မီးတောက်တွေနှင့် ရှုသွင်းလိုက်တိုင်း အဆုတ်တစ်ခုလုံး ဆုတ်ပြဲတော့မတက် ပူလောင်တဲ့ မီးခိုးငွေ့တွေက သူ့ပတ်ပတ်လည်မှာ ဝန်းရံထားသည်။

မျက်လုံးများသည်လည်း စပ်ကြိမ်းကာ ပတ်ဝန်းကျင်ကိုပင် မမြင်ရတော့ပေ။

မွန်းကြပ်လွန်းသည်၊ တစ်ယောက်ယောက် ကယ်ကြပါ။ သူမသေချင်သေးဘူး...တစ်ယောက်ယောက်လာကယ်ကောင်းပါရဲ့...။ စိတ်လျှော့လိုက်သည်နှင့် တပြိုင်နက် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် လဲကျသွားတော့သည်။

သင်းအုပ်ဆရာသည် တံခါးအတင်းရိုက်ဖျတ်ကာ မေ့လဲနေသည့် ထယ်ယောင်းအား ပွေ့ထုတ်လာသည်။ အခြားသော ကလေးများနှင့် စစ္စတာတို့သည် ရေပုံးများဖြင့် မီးညှိမ်းဖို့ရာ ကြိုးစားနေကြသည်။ ဂျောင်ကုကတော့ ထောင့်တစ်နေရာဝယ် လက်သီးကိုကျစ်ကျစ် ဆုပ်ရင်း အံကြိတ်နေသည်။ ဒေါသသည် အငြိုးသို့ပြောင်းလဲကာ သူ၏ အမုန်းတရားတို့သည် ပိုလို့ပင် များလာတော့သည်။

Escape: Back Of The Red Door Where stories live. Discover now