Unicode
" ဆရာဝန်က ဘာပြောလဲ..." ဂျောင်ကုသတိရရချင်း ထယ်ယောင်းရှိရာ ဆေးရုံသို့ အပြေးကလေးရောက်ချလာသည်။
VIP အခန်းထဲတွင် မကြာသေးခင်ကမှ ခွဲစိတ်ခန်းထဲက ထွက်လာသည့် ထယ်ယောင်းနှင့် လူနာစောင့်ပေးနေသည့် လိန်း နှစ်ေယာက်ရှိလေသည်။ စာအုပ်နဲ့အတူ ကပ်ပါလာသည့် သရဲမသည်လည်း အခန်းထဲ၌ ဟိုလျှောက်လိုက် ဒီလျှောက်လိုက် လုပ်နေ၏။ လိန်း၏ အစောင့်အရှောက်တစ်ဖြစ်လဲ Ozzyကတော့ တံခါးဘောင်ကိုသာ ပျင်းရိစွာမှီထားသည်။
လိန်းသည် ဂျောင်ကုအား ခပ်စိန်းစိန်းကြည့်လိုက်သည်။
" ဘာတွေဖြစ်ခဲ့တာလဲ ငါ့ကို အရင်ပြော...နင်နဲ့ Vanteနဲ့က ဘာတွေလဲ..."
" လိန်း..."
" ငါမေးတာအရင်ဖြေ...Jordan..."
" ငါတို့လမ်းခွဲကြအောင် "
တိတ်ဆိတ်နေသည့် အခန်းငယ်လေးသည် ပိုလို့ပင်တိတ်ဆိတ်သွားသည်။ ဂျောင်ကု၏ အကြည့်တို့သည် အရင်ကလိုပဲ အဓိပ္ပာယ်ဖော်မရပေ။ သူပြောလိုက်သည့် စကားလေးတစ်ခွန်းကြောင့် ကမ္ဘာကြီးရပ်တန့်သွားသလားထင်ရသည်။ လိန်းဘာမှပြန်မပြောတော့ပေ။ ကုတင်ဘေးက ထိုင်ခုံပေါ် အသာထိုင်ချလိုက်ပြီး Vanteကို ကြည့်နေမိသည်။
" Vante က သုံးရက်နေလို့ သတိမရလာရင် ကိုမာဝင်သွားနိုင်တယ်တဲ့...နင်လူနာစောင့်ပေးမှာမလား....ငါပြန်တော့မယ်..."
" အင်း "
လိန်းထွက်သွားရန်ပြင်လိုက်သော်လည်း သူမရဲ့ ခြေလှမ်းတို့သည် ရပ်တန့်နေသည်။ သူမ ဂျောင်ကုအား အသာေစာင့်ငဲ့ကြည့်သော်လည်း ဂျောင်ကုသည် သူမအား ကြည့်မနေခဲ့။ မနေနိုင်တဲ့အဆုံး သူမကသာ နောက်ပြန်လှည့်ရသည်။
" ဒါပဲလား...'အင်း' တစ်လုံးတည်းလား ဟမ်! မဆွဲထားရင်တောင် ကားကို ဂရုစိုက်မောင်း ဘာညာတွေ မပြောပေးတော့ဘူးလား!! "
" အင်း...ကားကို ဂရုစိုက်ေမာင်း..."
" ချီးလိုေကာင်!!! "
လိန်း စိတ်တိုတိုဖြင့် ဂျောင်ကု၏ ဒူးအား ပိတ်ကန်ပစ်သည်။ ဒီချီးလိုကောင်...မုန်းဖို့ကောင်းလိုက်တာ။
![](https://img.wattpad.com/cover/316689435-288-k196782.jpg)
YOU ARE READING
Escape: Back Of The Red Door
TerrorThe red door means protection. What is it protected from? They forbid to open the red door. Why do they forbid? I reached behind the red door. I saw something they were afraid of. But that is something warmly & lovely . . .