Unicode
တစ်နေ့ တစ်နေ့ အိမ်မှာပဲ တစ်ယောက်တည်းကျန်ခဲ့ရတာ ပျင်းလာသောအခါ ထယ်ယောင်းသည် အပျင်းလဲပြေ ကျန်းမာရေးလဲကောင်းအောင်လို့ ကိုယ်ဝန်ဆောင်တွေတက်သော Yoga Class သို့ တက်ရန် သူ့ကို ပူဆာမိလေသည်။
"ဂျေ"
"ဗျာ"
"Yoga class တက်ချင်တယ်"
"ဟမ် .. ဘာ yoga class လဲ"
"ကိုယ်ဝန်ဆောင်တွေအတွက်လေ"
"မတက်ရပါဘူး .. ထယ့်ကိုယ်ဝန်က တဖြေးဖြေးရင့်လာပြီလေ .. တစ်ခုခုဖြစ်သွားမှဖြင့် မောင် ရူးရချည်ရဲ့"
"အာ .. အဲ့ကလက်စ်က ကျန်းမာရေးအတွက် ပိုတောင်ကောင်းသေးတယ် .. မွေးရဖွားရလဲလွယ်တယ်တဲ့"
"မရဘူး ထယ် .. မတက်နဲ့ .. မောင် စိတ်မချဘူး"
ဘယ်လိုပြောပြောမရသော သူ့ကြောင့် ထယ်ယောင်း စိတ်ညစ်မိသည်။
သူကလည်း ကိုယ့်ကို စိတ်ပူလ်ို့ပြောတာဆိုပေမယ့် ကိုယ်ကလည်း သူ ရုံးသွားနေတဲ့အချိန် အိမ်မှာကျန်ခဲ့ရတာ ဘယ်လောက်ပျင်းစရာကောင်းလိုက်သလဲ သူ မသိ။
စိတ်ထဲ နည်းနည်းအလိုမကျသလို ဖြစ်သွားလို့ မျက်နှာနည်းနည်းမဲ့လိုက်မိတော့ သူက ရိပ်မိသည်။
"အဲ့လို တစ်ယောက်တည်း ကျန်နေခဲ့ရတာ ပျင်းမှာစိုးလို့ မောင် ရုံးမသွားဘူးလို့ ပြောနေတာကို"
သူကလည်း အကွက်ဝင်သွားသည့်အလား အခွင့်ကြုံတုန်းမှာ ရုံးမတက်ချင်ကြောင်း ပြောလာသည်။
"ရုံးကတော့ တက်ရမှာပေါ့ .. ရုံးမှာ ငါမဟုတ်ရင် မင်းတော့ ရှိရမှာလို့ ရှင်းပြပြီးပြီဟာကို .. တဆိတ်ရှိ ဒီရုံးမတက်ဖို့ပဲ လာပြောနေတာပဲ"
လူက စိတ်အချဉ်ပေါက်ပြီး ခပ်မာမာပြောလိုက်တော့ သူ ချက်ချင်း ပြာပြာသလဲလဲ ဖြစ်သွားပြီး
"အဲ့လိုတော့ မဟုတ်ဘူးလေ အချစ်ရယ် .. မောင်က ခင်ဗျား တစ်ခုခုထိခိုက်သွားမှာစိုးလို့ ပြောတာပါ"
တစ်ခုခုဆို တော်ရုံနဲ့ ခွင့်ပြုပေးတယ်ဆိုတာမရှိ။
ထယ်ယောင်း တစ်ခုခုဖြစ်သွားမှာကို စိုးတာထက် တခြားလူတွေနဲ့ ရောရောနှောနှောမလုပ်စေချင်တာများ မသိတာမှတ်လို့။
YOU ARE READING
THE CREATOR J
FanfictionCreated by J (Season II) Jeon Jungkook x Kim Taehyung Romance/Drama