Part 8

18.6K 1.4K 112
                                    

Unicode

"ထယ် .. အချစ်"

"အင်း .. ဂျေ ပြောလေ"

"မောင့်ကို နက်တိုင် မချည်ပေးတော့ဘူးလား"

"အာ .. ဟုတ်သားပဲ .. သားဆီ စိတ်ရောက်နေတာနဲ့"

အခန်းပေါက်ရောက်မှ သူ့အပြောကြောင့် ထယ်ယောင်း ကိုယ့်နဖူးကို လက်ဝါးလေးနဲ့ ခပ်ဖွဖွရိုက်ပစ်လိုက်ပြီး သူ့ကို နက်တိုင်ချည်ပေးဖို့ အပြေးသွားရပြန်သည်။

သား အသံသဲ့သဲ့ကြားတည်းက သားလေးနိုးနေပြီဆိုတဲ့အသိကြောင့် သားဆီသွားဖို့ စိတ်ရောက်နေတာမို့ သူ ရုံးမသွားခင်တိုင်း နက်တိုင်စည်းပေးနေကြအလုပ်ကို မေ့သွားလေသည်။

သေချာပေါက် သူ စိတ်ကောက်တော့မှာပဲလို့ တွေးနေတုန်းပဲ ရှိသေး ..

"ထယ် .. ခင်ဗျား အမှန်တိုင်း ဖြေ"

"ဟင် .. ဘာကိုလဲ"

"မောင့်ကို မချစ်တော့ဘူးမလား"

သူ့အသံကို ကြားရုံနဲ့တင် သူ စိတ်ဆိုးနေပြီဆိုတာ သိတာမို့ နက်တိုင်ချည်ပေးရင်းမှ သူ့မျက်နှာဆီကို ကြည့်လိုက်တော့ သူကလည်း ထယ်ယောင်းကို မျက်လုံးများမှေးစင်းပြီး ပြန်ကြည့်သည်။

"ပြောလေကွာ .. မချစ်တော့ဘူးမလား"

ထယ်ယောင်း ပြန်မဖြေတော့ သူက ခပ်ဆတ်ဆတ် ထပ်ပြောသည်။

ဘာကြောင့်များ ဒီမေးခွန်းကို ကောက်ကာငင်ကာ ထ မေးတာလဲဆိုတာ ပြန်မေးဖို့မလ်ို ..။

ဒီစကားက နေ့တ်ိုင်း နက်တိုင်ချည်ပေးနေကြကို ဒီနေ့ မေ့သွားလို့ ထွက်လာတဲ့ စကား ..။

သေသေသပ်သပ်ချည်ပေးပြီးသွားတဲ့ သူ့ နက်တိုင်လေးကနေ ဆတ်ခနဲ ဆွဲလိုက်ပြီး စူချင်ချင်ဖြစ်နေတဲ့ သူ့နှုတ်ခမ်းလေးကို နမ်းပစ်လိုက်သည်။

"ပြွတ်စ်"

ထယ်ယောင်းရဲ့အနမ်းတပွင့်ကြောင့် သူ ပြုံးယောင်တချက်သန်းသွားသည်။

သို့ပေမယ့် ချက်ချင်းပဲ ရုပ်ကို ရ အောင် ပြန်တည်သွားပြီး လူကို ပေစောင်းစောင်း ကြည့်ရင်း

"လူကို အသားမယူပဲ .. မေးတာကိုသာ ဖြေစမ်းပါ"

သူ့စကားကြောင့် ထယ်ယောင်း အော်တောင်ရယ်မိပါသည်။ သူကျ ထယ်ယောင်းကို တချိန်လုံးနမ်းနေပြီး သူ့ကို ထယ်ယောင်းနမ်းတာကျတော့ အသားယူတာပါတဲ့လေ ..။

THE CREATOR JWhere stories live. Discover now