Part 24

15.1K 1.5K 244
                                    

Unicode

ဘယ်သူ့အကူအညီမှမလိုဘူးဆိုပြီး သူ့အပြင် မန်နေဂျာဟန်ကိုပါ ကုမ္မဏီက ဆွဲထုတ်ပစ်ခဲ့တဲ့နောက်မှာ ကိုယ့်အတွက် ပိုခက်ခဲတော့မှာမှန်း ဂျောင်ဂု သေချာပေါက်သိပေမယ့် ခေါင်းမာမာနဲ့ တစ်ယောက်တည်း ဆက်သွားပြချင်မိသည်။

ကိုယ်မှားခဲ့တဲ့အရာကို ကိုယ်တစ်ယောက်တည်း ပြန်ရှင်းချင်တာရယ် သူအားကိုးချင်လောက်မယ့်အနေအထားမျိုးရောက်အောင်ရယ်ဆိုတဲ့စိတ်နှစ်မျိုးသာ လတ်တလော ခေါင်းထဲရှိသည်။

တကယ်လည်း သူတို့မရှိတဲ့အချိန်မှာ အတော်လေး ဦးနှောက်စားကာ ခေါင်းရှုပ်ရတာတော့ ရူးပါရူးချင်လောက်စရာ။

အတွေ့အကြုံရှိတဲ့လူတွေကို ကုမ္မဏီအတွက် လိုအပ်တယ်ဆိုတာ သိပေမယ့် ကိုယ့်လိုကောင်က ဗူးဆိုရင် ဖရုံသီးတတ်တဲ့ကောင်မျိုးမဟုတ်။

သို့သော်လည်း လုံးဝကို စိတ်မရှုပ်ခံနိုင်တဲ့ကိုယ်က ရှုပ်ထွေးပြီး နားမလည်လွန်းလှတဲ့ကုမ္မဏီကိစ္စတွေကြားမှာ တစ်ယောက်တည်း တောင့်ခံနေရတာတော့ အတော်လေး စိတ်မသက်သာဖြစ်ရတာအမှန်။

ဒီလောက်ထိ စိတ်ရှုပ်စရာတွေများရခြင်းရဲ့ အကြောင်းတရားတွေထဲမှာ Zen ဆိုတဲ့ကောင်က ထိပ်ဆုံးက ပါဝင်နေတယ်ဆိုတာ ပြောပြစရာတောင်မလို။

အခုလည်း ဟိုတယ် Project ကို ဟိုလိုလို ဒီလိုလိုဖြင့် အမျိုးမျိုး ပျက်ရန်ကြံစည်နေပြန်သည်။

ကိုယ်တွေဘက်က လိုက်လုပ်ပေးဖို့မလွယ်တာတွေကို တောင်းဆိုသည်။ အတတ်နိုင်ဆုံး လိုက်လုပ်ပေးပြန်တော့လည်း ချက်ချင်း Plan ပြောင်းပစ်သည်။

Project ကို လက်လျှော့ပြီး အလျော်ပေးလာအောင်ခင်းနေတဲ့အကွက်တွေဟာ အတော်လေးစေ့လွန်းလို့ တစ်ခါတစ်လေဆို အဲ့ကောင်ကို အပိုင်းပိုင်းခုတ်ထစ်ပြီး ပင်လယ်ထဲမျှောလိုက်ချင်သည်အထိ။

လုပ်ငန်းခွင်ထဲမဟုတ်ပဲ အပြင်လောကမှာသာဆို ဂျွန်ဂျောင်ဂုတို့ ဒီလိုကောင်ကို ရှည်ရှည်ဝေးဝေးတောင် ပြောနေမှာမဟုတ်။ ကိုယ်က အဲ့လောက်လည်း စိတ်ရှည်တဲ့ကောင်ထဲမှာ မပါ။

THE CREATOR JWhere stories live. Discover now