Part 1

57.4K 1.9K 99
                                    

Unicode

"ဟဲ့ .. ပြန်ပေးလို့ ပြောနေတယ်"

"မပေးနိုင်ဘူး .. ဒါကျွန်တော်အရင်မြင်တာ"

"အောင်မာ .. ငါအရင်မြင်တာ ကောင်စုတ်ရဲ့ .. ငါယူမယ်လုပ်တော့ နင့်ကိုယ်လုံးကြီးနဲ့ ငါ့ကို တိုက်ပစ်တာလေ"

"မသိဘူး .. အဲ့ဒါတွေ လာမပြောနဲ့ .. လက်ထဲအရင်ရတဲ့လူက အပိုင်ပဲ"

"ဟာ .. ဒီကောင်စုတ်လေး"

နှစ်ယောက်အတူ ဈေးဝယ်ထွက်ပြီး အနောက်ဘက်အတန်းမှာ ကြက်ဥကျန်ခဲ့လို့ ခဏလေးပြန်ယူတုန်းရှိသေး ပြန်လာတော့ အဒေါ်ကြီးတစ်ယောက်နဲ့ စကားများလုဆဲဆဲ ထယ်ယောင်းရဲ့နှစ်ယောက်မရှိသော။

"ဂျေ .. ဂျေ ဘာဖြစ်တာလဲ"

"ဒီမှာလေ .. အဲ့ဘွားတော်ကြီး မောင့်ကို အနိုင်ကျင့်နေတယ်"

ဘယ်သူက မှားလဲ ဘယ်သူက မှန်လဲတော့ မသိပေမယ့် သူက ထယ်ယောင်းကို တွေ့တာနဲ့ အရင်ဦးအောင်တိုင်လေသည်။

"ဘာဖြစ်တာလဲ .. ဘာဖြစ်တာလဲဆိုတာ အရင်ပြောဦး"

သူ့ကို ကြည့်ပြီး မေးလိုက်ပေမယ့် ဟိုဘက်က အဒေါ်ကြီးက ဝင်ဖြေသည်။

"ကောင်လေး .. အဲ့ဒါ မင်းယောင်္ကျားလား"

"ဟုတ် .. ဟုတ်ကဲ့ .. ဘာဖြစ်ကြတာလဲဟင်"

"ဒီမှာလေ .. ဒီဆေးကတစ်ဘူးပဲ ရှိတော့လို့ ငါက ယူမလို့လာတာကို ဒီကောင်က ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိပဲ ငါ့ကို သူ့ကိုယ်လုံးကြီးနဲ့ပစ်တိုက်ပြီး ဆေးကိုယူသွားတယ်"

"အယ်"

အဒေါ်ကြီးစကားကြောင့် ထယ်ယောင်းမှာ အံ့ဩသွားရကာ သူ့မျက်နှာကိုကြည့်လိုက်တော့ မျက်နှာက စူပုတ်ပုတ်။

"ဘာလဲ .. မောင့်ကို လာမကြည့်နဲ့ .. အဲ့ဆေးကို မောင်အရင်တွေ့တာ .. မောင်ယူလိုက်မှ အဘွားကြီးက သူမြင်တာပါဆိုပြီး လာလုချင်နေတာ"

"ဟဲ့ .. နင်ပေါက်ကရမပြောနဲ့ .. ငါအရင်မြင်တာကို နင်လုသွားတာ"

"ဟားး .. ဒီအဘွားကြီးကတော့ ဗြောင်လိမ်ဗြောင်စားနဲ့ လူကို ဒေါသထွက်အောင်"

သူရယ် အဒေါ်ကြီးရယ်က တကျော့ပြန် ရန်ပြန်စလာလေပြီမို့ ထယ်ယောင်းမှာ မနေသာတော့။

THE CREATOR JWhere stories live. Discover now