Part 22

15.9K 1.4K 213
                                    

Unicode

ဒုတိယမြောက်ညအနေနဲ့ သူ ထယ်ယောင်းတို့အိမ်မှာ အိပ်ဖြစ်သွားတော့ ဘွားဘွားကလည်း သူ့ကို ဝမ်းသာအားရ ကြိုဆိုသည်။

ဂျေက တော်ရုံသူစိမ်းတွေနဲ့ ရောရောနှောနှော သိပ်မနေတတ်ပဲ သူ ခင်မင်ရင်းနှီးသူများမှလွဲရင် သီးသီးသန့်သန့်နေတတ်ကာ မာနကြီးသယောင်ထင်ရပေမယ့် ထယ်ယောင်းတို့အိမ်က အလုပ်သမားလေးတွေ ဝမ်းကွဲမောင်နှမလေးတွေဖြင့်တော့ အစေးကပ်နေ၏။

သူသည် ဟန်လဲမဆောင်တတ်သလို ရင်ထဲရှိတာက်ိုလည်း မထိမ်ချန်ထားတတ်သော ပွင့်ပွင့်လင်းလင်းသမားမျိုး။ သူ မကြည်တဲ့လူဆို စကားအပြောအဆိုကအစ ကြွတ်ဆတ်ပြီး ဂျစ်ကန်ကန်ပြောတတ်တဲ့လူဆိုးလေး။

အကြောင်းမသိတဲ့သူဆို ဆက်ဆံရေးညံ့ဖျင်းတဲ့သူလ်ို့ သူ့ကို ထင်ကောင်းထင်လိမ့်မည်။ သူကလည်း ဒါတွေက်ို လုံးဝကို ဂရုမစိုက်။ သူ့ပုံစံအတ်ိုင်းကိုမှ တပြားသားမှ မလျော့ပဲ နေနေမြဲ။

သို့သော် သူမကြည်မသာ ဆက်ဆံတဲ့ထဲ ထယ်ယောင်းမိသားစုဝင်တွေတော့ မပါနေခဲ့။

ထယ်ယောင်းမိသားစုကိုတော့ သူ ကြိုးစားပြီးပေါင်းနေပုံ သိပ်ပေါ်လွင်သည်။

"သမက်ဂျွန် .. ဒီမှာ အသားတွေ လှန်ဖို့လိုနေပြီ"

"ကျွန်တော်လာပြီ"

သူ ဒီမှာအိပ်မယ်ဆိုတော့ ထယ်ယောင်းတို့ခြံထဲ မီးပုံပွဲ သေးသေးလေး လုပ်ဖြစ်သည်။

ဘွားဘွားက ကြွတ်ဆပ်ဆပ် သူ့ကို ချစ်ပုံရသည်။ သမက်ဂျွန်ဆိုတာက်ို ပါးစပ်ဖျားက မချ။

"သမက်ဂျွန် .. နောက်လဲ အမြဲလာလည်နော်"

"ဒါပေါ့ .. သေချာပေါက်ပေါ့"

ဘွားဘွားက နောက်လဲ လာလည်ဖို့ သူ့ကို ဖိတ်နေသလို သူကလည်း လုံးဝမငြင်း။

အတိုင်အဖောက်တွေ အရမ်းညီနေလိုက်ပုံများသူနဲ့ကိုယ် ကွာရှင်းထားတာကို သူ မေ့များနေလေသလားမသိ။

မီးပုံလေးရယ် ဘေးမှာ အကင်ဖိုလေးရယ် သောက်စရာဘီယာပုလင်းများရယ်ဖြင့် လူများတော့ ပျော်ဖို့ကောင်းသည်။

THE CREATOR JWhere stories live. Discover now