Part 29

15.9K 1.5K 415
                                    

Unicode

လေထုက ပိုအေးခဲလာသလို သူနဲ့ ထယ်ယောင်းကြားမှာလဲ အေးခဲခဲဖြစ်နေသည်။

သူက ကုတင်ပေါ်မှာ ထိုင်နေရာမှ မတ်တပ်ရပ်နေသော ထယ်ယောင်းရဲ့ခါးလေးကို ခပ်ကြပ်ကြပ်ဖက်ထားကာ မျက်နှာအပ်ထားသည်။

ထယ်ယောင်းသည်လည်း သူ့ခေါင်းလေးကို ပွတ်သပ်ပေးနေရာမှ ငြိမ်သက်နေမိဆဲ ..။

တိတ်တဆိတ်နဲ့ ဒီလောက်ထိ ငြိမ်ကျနေတဲ့သူဟာ တစ်ခုခုကို အရမ်းပြိုလဲချင်နေပေမယ့် တင်းခံထားတဲ့ပုံမျိုးဖြစ်သည်ကို အိမ်ထောင်သက် သက်တမ်းကြာနေပြီမို့ ထယ်ယောင်း ကောင်းကောင်း ရိပ်မိသည်။

"ထယ် .."

သူ မွတ်မွတ်သိပ်သိပ်နဲ့ ထယ်ယောင်းနာမည်ကို ခေါ်သည်။

"အင်း ဂျေ .. ဘာပြောချင်လို့လဲ ပြောလေ"

တယုတယမေးလိုက်တော့ သူက ထယ်ယောင်းရဲ့ခါးကိုဖက်ထားရင်းမှ မျက်နှာကို မော့ကြည့်လာသည်။

"ကျွန်တော့်ကို ချစ်လား .."

မဝံ့မရဲသူ့အမေးက ထယ်ယောင်းရဲ့မျက်နှာကိုရော နှလုံးသားကိုရော နွေးခနဲ ဖြစ်စေသည်။

"ငါ .."

အာစေးမိနေသလို ထယ်ယောင်း ပြောမထွက်နိုင်ပဲ စကားလုံးတွေက လည်ချောင်းမှာ တစ်နေသည်။

"ဆက်ပြော .. ကျွန်တော် နားထောင်နေတယ်"

သူ လမ်းဖွင့်ပေးပေမယ့် အမှန်က ကွာရှင်းထားပြီးသား လူနှစ်ယောက်အနေနဲ့ ဒီစကားက ပြောရခက်သလို တွန့်ဆုတ်နေမိသည်။

"ဂျေ .. ငါ .. မင်းကို .."

"အင်း .. ချစ်ရဲ့လား .."

သူက မက်မက်မောမောဖြင့် ထယ်ယောင်းမျက်နှာကို ငေးမောကြည့်ကာ မျှော်လင့်ချက်များစွာဖြင့် မေးလေလေ ထယ်ယောင်း ပိုစိတ်လှုပ်ရှားလာလေ။

ဟိုးအရင်တည်းက "ချစ်တယ်" ဆိုတဲ့စကားကို တော်ရုံ ထုတ်ဖော်ပြောထွက်ခဲတဲ့ ထယ်ယောင်းဟာ ဒီအချိန်မှာ ပိုဆိုးလေသည်။

ဒါ သူ့ဆီက နောက်တစ်ကြိမ် အဖြေတောင်းခံရသလို သူ့ကို ချစ်နေတုန်းဆိုတဲ့အကြောင်း ဒီအချိန်မှာ ပြန်လည်ဖွင့်အန်လိုက်ရင် ထယ်ယောင်းတို့နှစ်ယောက် ပြန်​ပေါင်းကြတော့မယ်ဆိုတဲ့သဘောမဟုတ်လား ..။

THE CREATOR JWhere stories live. Discover now