Spoiler Episode

12.9K 1K 178
                                    

Unicode

"ဂျေ .. နောက်ကျနေပြီလေ .. မောင်းတော့"

"ခင်ဗျား .. တကယ်ဆုံးဖြတ်လိုက်ပြီလား"

"ဂျေရာ .. ဒါက လုပ်က်ိုလုပ်ရမယ့်ကိစ္စပဲလေ"

"ဒါပေမယ့် .."

"ဒါပေမယ့်တွေဘာတွေလုပ်မနေနဲ့တော့ သွားရအောင်"

ခပ်ဆတ်ဆတ်လေး ပြောလိုက်မှာ ရုပ်က မသာမယာဖြင့် သူက ကားကို စက်နှိုးလိုက်သည်။

ဒီလိုမျိုး အခြေအတင်ဖြစ်နေတာက ဘာကြောင့်ရယ်မှမဟုတ် .. သားကို ကာကွယ်ဆေးထိုးပေးဖို့ရာ ကျန်းမာရေးစင်တာ သွားဖို့အရေးကို သူ့မှာ ကားမမောင်းနိုင်ပဲ ဖြစ်နေတာ ..။

"ထယ် .. တကယ်နာမှာနော် .. ဒီကောင် တကယ်နာသွားလိမ့်မယ်"

ကားမောင်းနေရင်း စိတ်မချမ်းသာစွာ လှည့်ပြောလာပြန်သည်။

"ဘာမှမဖြစ်ပါဘူး .. သူများကလေးတွေလဲ ဒီလိုပဲ ထိုးနေကြတာပဲကို"

"ဟား .. သူများကလေးထိုးထိုးမထိုးထိုး ဂရုမစိုက်ဘူး စိတ်လဲမဝင်စားဘူး .. မောင့်သားအကြောင်းပဲ မောင်ပြောနေတာ .. ဒီကောင့်ကို တကယ်စိတ်ပူတယ် .. အပ်လေကွာ .. အပ်ကြီး .. ဘယ်လိုလုပ်ပြီး ၃ နှစ်ကလေးက ခံနိုင်ရည်ရှိမှာလဲ"

သူ့သားကို အရမ်းအကဲပိုလွန်းတဲ့ဒီဒယ်ဒီနဲ့ ထယ်ယောင်း ပြိုင်မပြောချင်တော့လို့ ဘာမှမပြောပဲ မျက်နှာလွှဲလိုက်တော့လည်း ..

"အော် .. ခင်ဗျားက မျက်နှာတောင်လွှဲသွားပြီ"

"မဟုတ်ပါဘူး ဂျေရယ်"

"မျက်နှာတောင် မမြင်ချင်တော့ဘူးပေါ့ အဲ့လိုလား .. အဲ့လိုသဘောမလား"

တစ်ချက်တစ်ချက်ကလည်း ထိုသို့ ထ ရစ်သေးတာ ..။

"ထယ် .."

သူ့ဘာသူပြောချင်ရာပြောပြီး ထယ်ယောင်းပြန်ပြောတာတောင် မစောင့်ပဲ နာမည်ခေါ်လာပြန်သည်။

"ထယ်လို့ .. ဟေ့ .. ဟယ်လို .. ဟယ်လို"

တွေ့လား .. ပြန်ထူးတာကို မစောင့်တာ .. ဆက်တိုက်ခေါ်ရုံမက လက်တစ်ဖက်က မျက်နှာရှေ့နားကို လာဝှေ့ယမ်းနေသေးသည်။

THE CREATOR JWhere stories live. Discover now