Part 13

13.2K 1.2K 89
                                    

Unicode

"မန်နေဂျာဟန် .. ဒါက ဘယ်လောက်ထိ ကြာဦးမှာလဲ"

"သိပ်မကြာတော့ပါဘူး အစ်ကိုလေးရယ် .. ခဏပါပဲ"

ကုမ္မဏီရဲ့ရှယ်ယာရှင်တွေ တွေ့ဆုံပွဲဆိုလားဘာလားမသိတဲ့ပွဲလိုဟာမျိုးမှာ မန်နေဂျာဟန်နဲ့အတူ ဂျောင်ဂုရောက်နေသည်။

ကုမ္မဏီကိုလာနေကြ မျက်မှန်းတန်းမိတဲ့လူတွေပါနေပေမယ့် မနေချင်တော့။

ဘာတွေပြောနေမှန်းမသိသော လူအိုကြီးတွေကြားမှာ စိတ်တွေရှုပ်ထွေးနေသည်။

တစ်ယောက်တည်းမို့လို့လဲ ဖြစ်မယ်ထင် .. ကိုယ့်လိုကောင်ကလဲ ရှယ်ယာရှင်မကလို့ ဘာကောင်ကြီးတွေဖြစ်နေနေ စိတ်မပါရင် ဟန်ဆောင်တောင် ပြုံးမနေချင်။

အရင်က ဒီလိုပွဲမျိုးတွေကို ထယ်တစ်ယောက်တည်း ဘယ်လိုတက်ခဲ့လဲမသိ .. စိတ်ဝင်စားစရာ တစ်ိုးတစိတောင်မရှိတာကို။

ထယ်က သူလိုက်ပေးမယ်ပြောပေမယ့်လည်း ကိုယ့်ချစ်ရသူကို လူတကာကြည့်မှာမျိုး မလိုချင်တာမို့ ထားခဲ့ခြင်းသာ။

"မန်နေဂျာဟန် .. ခင်ဗျား ဒီမှာနေခဲ့ဗျာ .. ကျွန်တော် ဆေးလိပ်သွားသောက်ဦးမယ်"

နက်ကတိုင်ကို ဆွဲဖြည်လိုက်တော့ အနည်းငယ်လျော့ရဲရဲဖြစ်သွားမှ အသက်ရှုချောင်သည်။

ထိုလျော့တိလျော့ရဲအခြေနေနဲ့ပဲ မန်နေဂျာဟန်ကို အသိပေးပြီး ဆေးလိပ်သောက်ရန် အပြင် လူရှင်းတဲ့နေရာစီသို့ ထွက်ခဲ့လိုက်သည်။

အပြင်ရောက်ရောက်ချင်း ဖုန်းဝင်လာလို့ကြည့်လိုက်တော့ သူ့ဆီက။

"ဂျေ .. အဆင်ပြေရဲ့လား"

"ပြေတာပေါ့ အချစ်ရယ် .. မောင်ပဲဟာကို"

သူ့ရဲ့စိုးရိမ်တကြီးမေးတဲ့အမေးကို ခပ်ကြွားကြွားလေးပြောလိုက်တော့ သူ့ဘက်က သဘောကျသွားဟန် ရယ်သံခပ်တိုးတိုးထွက်လာသည်။

"ဒါပေါ့ ဂျေရယ် .. ဒါပေါ့ .. မင်းက သိပ်တော်တဲ့သူပါ"

ရယ်သံစွက်ပြီးပြောတဲ့သူ့အပြောကြောင့် ကိုယ်လဲ ဒီဘက်မှာ ပြုံးသွားမိသည်။

THE CREATOR JWhere stories live. Discover now