Part 16

16.4K 1.5K 455
                                    

Unicode

"သားကို သွားခေါ်ရဦးမယ်"

ထယ်ယောင်းပြောလိုက်တော့ သူက ကားကို ချက်ချင်းပဲ ဖေဖေ့အိမ်ရှိရာ ဆတ်ခနဲကွေ့ကာ ဦးတည်လ်ိုက်သည်။ ဘာစကားမှတော့ မပြော။

"ဖေဖေ့အိမ်မှာ မဟုတ်ဘူး"

သူက ဖျတ်ခနဲ ပြန်ကြည့်သည်။

"ဘိုဂမ်ဟျောင်းအိမ်မှာ"

"ဘာ .. ဘာလို့ သားက အဲ့ကောင်အိမ်မှာလဲ"

ကားကို မောင်းနေရာမှ ထိုးရပ်ကာ အသည်းအသန် သူက မေးသည်။

"အဲ့တော့ သားကို ငါက ဘားလိုနေရာမျိုးကို ခေါ်လာရမှာလား"

ထယ်ယောင်း စိတ်ရှုပ်စွာ ခပ်မာမာပြန်ဖြေလိုက်သည်။

သူစိမ်းယောင်္ကျားတစ်ယောက်နဲ့ အမြဲစွပ်စွဲပြောဆိုနေတတ်တဲ့ သူ့အကျင့်ကို ထယ်ယောင်း စိတ်ပျက်လွန်းလှစွာ ကောင်းကောင်းသိနေသည်မို့ စိတ်ထဲမှာလဲ ဘာပြဿနာထပ်တက်ဦးမှာလဲဆိုပြီး စိတ်ကုန်စွာ တွေးမိပြန်သည်။

"ဘ်ိုဂမ်ဟျောင်းအိမ်က ( ) မှာ"

သို့သော် ထူးဆန်းစွာ သူက ဘာမှထပ်မပြောလာတော့ပဲ ထယ်ယောင်းပြောတဲ့လိပ်စာအတိုင်း ကားကို ဦးတည်သည်။

ဘိုဂမ်ဟျောင်းအိမ်ရှေ့ရောက်တော့ သူက ဆင်းမလိုက်လာခဲ့ပဲ ကားပေါ်မှာ နေခဲ့သည်။

ထယ်ယောင်းတစ်ယောက်သာ ဘိုဂမ်ဟျောင်းအိမ်တံခါးသွားခေါက်ပြီး သားကို သွားခေါ်ရလေသည်။

"အော .. ထယ် ပြန်ရောက်ပြီလား .. သားက ခုပဲ အိပ်ပျော်သွားတာ"

"ကျေးဇူးပါပဲ ဟျောင်းရယ်"

ဘိုဂမ်ဟျောင်းဆီက အိပ်ပျော်နေတဲ့သားလေးကို ဖွဖွလေး လက်လွှဲယူလိုက်ပြီး ကျေးဇူးတင်စကားခပ်တိုးတိုးပြောလိုက်သည်။

"ဘယ်လိုလဲ အဆင်ပြေခဲ့ရဲ့လား"

ဘိုဂမ်ဟျောင်းက အကင်းပါးသူပီပီ ထယ်ယောင်းရဲ့သောကများနေတဲ့ ဖရိုဖရဲအခြေအနေကို အကဲခတ်ကာ စိုးရိမ်တကြီးမေးသည်။

"အင်း .. ကျွန်တော်တို့ .. ဒီတိုင်း"

မွေးချင်းမရှိတဲ့ ထယ်ယောင်းအတွက် ဘိုဂမ်ဟျောင်းက အစ်ကိုအရင်းလို ဖြစ်နေတာမို့ ဘ်ိုဂမ်ဟျောင်းရဲ့စိုးရိမ်တကြီးပုံစံက လူက်ို ပိုဝမ်းနည်းစေသည်။

THE CREATOR JWhere stories live. Discover now