Part 32

15.3K 1.4K 227
                                    

စားပွဲကို လက်နဲ့ တဒေါက်ဒေါက်ခေါက်လိုက် Laptop ကို တချောက်ချောက်နှိပ်လိုက်ဖြင့် တစုံတခုကို အသည်းအသန်ရှာဖွေနေဟန်ရှိသော သူက ထယ်ယောင်း အခန်းထဲသို့ ဝင်လာတာကို သတိထားမိပုံမရ။

သားက သူ့ဘေးမှာ ထိုင်ဆော့နေရာမှ တစ်ယောက်တည်းဆော့ရတာပျင်းသွားသည့်အလား သူ့အပေါ်ကို ကုတ်ကပ်တက်လေသည်။

"ဟိတ်ကောင် .. ခဏ .. ဒယ်ဒီ မအားသေးဘူး"

သူ ပြန်ပြောပေမယ့် သားက အတင်းဇွတ်တက်လေတော့ သူ မနေသာတော့ပဲ လုပ်လက်စအလုပ်ကိုရပ်ကာ ကောက်ပွေ့၏။

"ပြော .. ဘာလိုချင်သလဲ ဟိတ်ကောင်"

"ရှောကလက်"

"တော်ပြီ ချောင်းဆိုးမယ် .. တခြားတစ်ခုပြော"

"ရှောကလက်ပဲ ရှောကလက်"

"တော်တော့ ဂျွန်ဂျေ .. မစားရဘူးလို့ ဒယ်ဒီ ပြောနေတယ်"

"အဟင့် ရှောကလက် စားမယ်လို့"

သားရဲ့ငိုမဲ့မဲ့နဲ့ ဂျစ်တိုက်မှုကြောင့် သူ မျက်နှာတည်သွားသည်။

"ဟိတ်ကောင် .. ဂျစ်တိုက်တာ ဒယ်ဒီမကြိုက်ဘူးနော် .. ဒယ်ဒီက မင်းကို ချောင်းဆိုးမှာစိုးလို့ ပြောနေတာ"

"တစ်ခုပဲ ဒယ်ဒီ တစ်ခုပဲ"

သားက မရမက သူ့ကို အတင်းပူဆာလေတော့ သားရဲ့မျက်နှာဆို တစ်ချက်အညှိုးမခံတဲ့သူက သားကို သေချာကြည့်လိုက်ရင်း

"တစ်ခုပဲ သေချာလား  .. ဒီတစ်ခုပြီးရင် ထပ်မတောင်းရတော့ဘူးနော် အိုခေလား"

"အိုခေ အိုခေ"

"နောက်ပြီး ဒီမှာတင် လက်စဖြတ်နော် ဟိတ်ကောင်  .. မင်းပါပါးက မင်းချောင်းဆိုးတာ ငါ့ကြောင့်ဆိုပြီး တောက်လျှောက်ဆူနေတာ .. မင်းပါပါး မသိစေနဲ့ အိုခေလား"

"အိုခေ ဒယ်ဒီ"

သားနဲ့ သူ သဘောတူညီချက်ရသွားသလို လက်သီးချင်းတိုက်လိုက်ကြသည်။ ဒီလက်သီးချင်းတိုက်တာကလည်း သူတို့သားအဖ အမြဲလုပ်နေကြ။

ထယ်ယောင်းနဲ့သာ သားက ပိုပြီးအချိန်အများကြီး ရှိဖြစ်တယ်ဆိုပေမယ့် ထိုကဲ့သို့ လက်သီးချင်းတိုက်တာတို့ ဂိမ်းအတူတူဆော့တာတို့ကို သူက သားနဲ့ အမြဲဆော့ရင်း သင်ပေးသည်။

THE CREATOR JWhere stories live. Discover now