Part 10

17.3K 1.4K 202
                                    

Unicode

"ဂျေ .. ငါတစ်လှည့်မောင်းပေးမယ်လေ"

"နေ .. နေ အချစ် .. ပင်ပန်းနေပါ့မယ်"

"ရပါတယ် .. မင်း တောက်လျှောက်မောင်းလာတာကို .. မနက်တည်းကနေ အခု နေ့တစ်ပိုင်းတောင် ကျိုးနေပြီ .. ညောင်းနေရောပေါ့"

"ရတယ်လို့ဆို .. သိပ်လုပ်ပေးချင်ရင် မောင့်လက်မောင်းပေါ်မှီပြီး လိုက်ခဲ့ .. အဲ့လိုသာဆို နေ့တစ်ပိုင်းလောက် မပြောနဲ့ .. တစ်သက်လုံး မရပ်ပဲ မောင်းပြလိုက်မယ် .. အဟား"

ရွှင်ရွှင်မြူးမြူးဖြင့် သွားတန်းလေးတွေပေါ်တဲ့အထိ ရယ်မောပြောဆိုနေတဲ့ သူ့ကိုကြည့်ပြီး ထယ်ယောင်း အသာပြုံးလိုက်မိသည်။

ဒီနေ့က ဒီလူဆိုးလေးရဲ့ မွေးနေ့ ..။

သူ့မွေးနေ့မှာ သူ့ဆန္ဒအတိုင်း Campaign ကား အကြီးကြီးတစ်စီးဌား၍ ထယ်ယောင်းတို့ မိသားစုခရီးထွက်ခဲ့ကြသည်။

မနက်ဝေလီဝေလင်းတည်းက ထွက်ခဲ့ကြတာဖြစ်ပြီး အခု နေ့လည်တောင်ရောက်နေပြီ ကားကို မရပ်နားဖြစ်သေး။

ဦးတည်ချက်လဲမရှိသလို သူက သဘောကျတဲ့နေရာတွေ့ရင် ရပ်မည်ဟုဆိုကာ ဆက်တိုက်မောင်းနေခဲ့သည်။

ကားကို အကြာကြီးတောက်လျှောက်မောင်းနေတဲ့သူ့ကို ပင်ပန်းမှာစိုးလို့ ထယ်ယောင်းတစ်လှည့်မောင်းပေးမယ်ဆိုတော့လဲ သူက လက်မခံ။

"ထယ်"

"အင်း .. ဂျေ"

သူ့အသံကြားတော့ အတွေးစပြတ်သွားပြီး ထူးလိုက်တော့ သူက ပြုံးပြုံးလေး ပြန်ကြည့်လျက်

"ဘာတွေစဉ်းစားနေတာလဲ .. မောင့်ကို ချစ်တဲ့အကြောင်းတွေများလား"

သူ့စကားကြောင့် ထယ်ယောင်းရယ်မိကာ ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေါ့ ဂျေရယ် .. ဒါပေါ့"

ထယ်ယောင်းအဖြေကို သူ သဘောအကျကြီးကျသွားကာ နှုတ်ခမ်းတစ်ချက်တွန့်ကာ ပြုံးသည်။

"ဒါဆို ပြောပြစမ်းပါ .. မောင့်ကို ခင်ဗျား ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းတွေကို .. မောင်ကပဲ ခင်ဗျားကို အမြဲပြောလာတာဆို​တော့ တခါတလေ ခင်ဗျားပြောပြတာ နားထောင်ချင်မိတယ်"

THE CREATOR JWhere stories live. Discover now