Behind The Sence

11.2K 983 208
                                    

ဂျေနဲ့ ထယ် ဘယ်သူက မှားသလဲ .. ?

Part 15 ဖတ်ပြီးတဲ့အချိန်မှာ Team ကွဲသွားကြမယ်လို့ ထင်ပါတယ် ..။

နှစ်ယောက်စလုံးနဲ့ပတ်သက်ပြီး ပြောချင်တဲ့ point လေးတွေကို အောက်မှာ ပြောပြပေးပါ့မယ်နော် ..။

ပထမဆုံး ဂျေနဲ့ပဲ စလိုက်ပါ့မယ် ..။

ဂျေနဲ့ စမယ်ဆိုရင် သူတို့စပြီးလက်ထပ်ဖို့ ဖြစ်ခဲ့တဲ့ CBJ ရဲ့ Part 6 ကို ပြန်သွားရမယ် ထင်ပါတယ် ..။

အားလုံးသိတဲ့အတိုင်း ဂျေက လုံးဝကို စီးပွါးရေးနဲ့ ပတ်သက်ပြီး စိတ်မဝင်စားခဲ့တာကို သိမှာပါ။ စီးပွါးရေးကို ဘယ်လောက်ထိ စိတ်မဝင်စားသလဲဆို ကုမ္ပဏီကို ဦးစီးဖို့ထက် သူစိမ်းတစ်ယောက်ကိုပဲ လက်ထပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ (အဲ့တုန်းက သူ ထယ်ယောင်းက်ို မကြိုက်သေးပါဘူး)

ဂျေက Tattoo Artist တစ်ယောက်သာ ဖြစ်ချင်တာပါ။ ဘာကြောင့် ဒီအချက်ကို ရှင်းပြရသလဲဆို စာချုပ်မှာ လက်မှတ်ထိုးတဲ့ကိစ္စက ဂျေရဲ့ပေါ့ဆမှုလဲ ဖြစ်နိုင်သလို အစတည်းက လုံးဝစိတ်မဝင်စားခဲ့တာလဲ ပါပါတယ်။

ဂျေက "Jeon Group ကို မက်လို့ ယူတာမလား"ဆိုတာမျိုးကို CBJ (Part 27) မှာတုန်းကလဲ ထယ့်ကို မေးခဲ့ဖူးပါတယ်။

တကယ်တော့ အဲ့မေးခွန်းကို မယူခင်တည်းက ယူပြီးချိန်ထိ ဂျေ ထပ်ခါထပ်ခါမေးနေခဲ့တာက ထယ်ယောင်းဘက်က သူ့ကို Jeon Group ကြောင့် ယူခဲ့တာပါဆိုပြီး ပြောခဲ့ဖူးတာမို့ပါ။

ထယ်ယောင်းရဲ့နေ့နေ့ညည အလုပ်လုပ်ပုံကိုလဲ အမြဲမြင်နေကြမို့ ထယ်ယောင်းက သူ့ထက် ကုမ္ပဏီကို အရေးပေးတယ်ဆိုပြီး သူ တွေးနေကြပါပဲ။

သူ ဘာလို့ စာချုပ်ကို ဖျက်ချင်ရသလဲ ..။

အဖြေက ရှင်းပါတယ် .. ထယ်ယောင်းကို Zen နဲ့ မပတ်သက်စေချင်တာပါ။ သူ့ဆန္ဒက တစ်ခုတည်းပါပဲ။ ပိုက်ဆံဘယ်လောက်ပဲ လျော်ရ လျော်ရ ကိစ္စမရှိပဲ သူအတွက် အဓိကကျတာ ထယ်ယောင်းပါ။

ဘာကြောင့် ကွာရှင်းဖို့ကို လက်ခံလိုက်သလဲ ?

ဂျေ့ဘက်က ကြည့်ရင် ထယ်ယောင်းအတွက် သူ့ဘက်က မျက်နှာတစ်ချက်မညှိုးအောင် အရာအားလုံးဖြည့်စည်းခဲ့ပေမယ့် ထယ်ယောင်းဘက်က သူ့လိုမဟုတ်ခဲ့လို ဒေါသထွက်တာပါ။

THE CREATOR JWhere stories live. Discover now