Unicode
"သားငယ် .. ထမင်းစားရအောင်လေ"
ခေါင်းတချက်ညိတ်ပြပြီး ပြတင်းပေါက်ဘက်ပြန်လှည့်ငေးနေတဲ့သားကို ကြည့်ပြီး မစ္စတာဂျွန် သက်ပြင်းခိုးရှိုက်မိသည်။
ဘာဖြစ်နေသလဲဆိုတာ ဘယ်လိုမှ မှန်းလို့မရအောင်ကို သားက ပုံမှန်ထက် တိတ်ဆိတ်နေသည်။
သူ ဆွစ်ဇာလန်ကို ရောက်လာခဲ့တုန်းက ညမိုးချုပ်အချိန်ကြီး ..။
တံခါးကို ဝုန်းဒိုင်းကြဲအောင် ထုပြီး ဖွင့်လိုက်တာနဲ့ ဖအေဆီကို ပြေးဖက်ကာ ချုံးပွဲချငိုခဲ့တာ။
မစ္စတာဂျွန်ရဲ့တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ သားငယ်ရဲ့ ဒီလောက်ထိ အသည်းအသန်ငိုနေပုံကို မမြင်ဖူးခဲ့။
ဘယ်လိုမေးမေးကို လုံးဝမပြောပဲ မေးလို့မရတာမို့ မစ္စတာဂျွန် လက်လျှော့လိုက်ရသည်။
ရောက်ရောက်ချင်းက ထိုသို့ အများကြီးငိုခဲ့ပေမယ့် နောက်ရက်တွေကျ ငြိမ်ကျသွားသည်။
စကားသိပ်မပြောသလို အခန်းထဲက မထွက်။
အရင်ဆို ဒေါသထွက်ရင်တောင် အော်ဟစ်ပြီး မထင်ရင် မထင်သလို ပစ္စည်းတွေရိုက်ခွဲနေတဲ့သူက အခုတော့ဖြင့် ပကတိတည်ငြိမ်နေတာမို့ အတော်အံ့ဩရသည်အထိ။
"သား .. ဒယ်ဒီနဲ့ တစ်ခွက်သောက်မလား"
"တော်ပြီ ဒယ်ဒီ .. ကျွန်တော် မသောက်ချင်ဘူး"
အရက်အတူသောက်ပြီး မေးဖို့ရာ ကြံရွယ်ပေမယ့်လည်း မအောင်မြင်ခဲ့။
စိတ်နည်းနည်းညစ်တာနဲ့ အရက်အမူးသောကိပြီး အရက်နာကျနေတတ်တဲ့သူက အခုတော့ ငြင်းသည်တဲ့။
မစ္စတာဂျွန် ဘယ်လိုမှ မတွေးတတ်တော့လို့ သူ စိတ်ချမ်းသာသလိုနေဖို့ လွှတ်ထားလိုက်သည်။
သို့သော် ဒီနေ့တော့ သားက ထူးထူးဆန်းဆန်း စကားစလာသည်။
"ဒယ်ဒီ"
"အင်း သားငယ် ပြော"
"ကျွန်တော် .."
သားက ပြောရခက်နေသလို ရှို့တ်ို့ရှန်းတန်းဖြစ်နေသည်။
YOU ARE READING
THE CREATOR J
FanficCreated by J (Season II) Jeon Jungkook x Kim Taehyung Romance/Drama