Part 9

16K 1.4K 233
                                    

Unicode

"ဂျေ .. ဂျေ .. ထ ပါဦး .. ထပါဦးလို့"

ထယ်ယောင်းရဲ့အလျှင်စလိုအသံဖြင့် လှုပ်နှိုးမှုကြောင့် သူက လန့်နိုးကာ အိပ်ချင်မူးတူးပုံဖြင့်

"ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ ထယ်"

"သားလေး စကားစပြောပြီ ဂျေ"

"တ .. တကယ် .."

သားကိုချီပြီး သူ့ကို ပြောတော့ သူက အံ့ဩသွားဟန်ဖြင့် သားရဲ့မျက်နှာလေးကို ကြည့်ကာ မျှော်လင့်တကြီး ပြန်မေးသည်။

"သားလေး ပြောလိုက်လေ .. သားဒယ်ဒီ့ကို ပြောပြလိုက်ပါဦး"

သားကို ချော့မော့ပြီး ထပ်ပြောဖို့ စကားချီတော့ သားက မပီကလာ ပီကလာအသံလေးဖြင့်

"ပါ့ .. ပါး"

"တွေ့လား .. တွေ့လား .. ပါ့ပါးတဲ့ .. အိုး .. ချစ်လိုက်တာ ပါးရဲ့သားလေးက်ို"

ထယ်ယောင်းက ကျေနပ်ပီတိတွေဖြာပြီး အပျော်တွေလွန်ကာပြောတော့ သူက မနာလိုဟန်ဖြင့် မျက်နှာမဲ့သွားကာ အားကျမခံဖြင့် သားကို ထယ်ယောင်းဆီက ဆွဲယူပွေ့ချီလိုက်ပြီး

"သား ပြောစမ်း .. ဒယ်ဒီလို့"

လက်ကို ဆန့်တန်းပြီး သားရဲ့မျက်နှာက်ို သေချာကြည့်ကာ သင်ပေးနေပေမယ့်လည်း

"ပါ့ပါး"

"ဟိတ်ကောင် .. ဒယ်ဒီလို့ဆို"

"ပါ့ .. ပါး"

"ဒယ်ဒီပါဆို .. ဒယ်ဒီ့ကို ကြည့်စမ်း သား"

သားက သူ ဘယ်လိုပြောပြော "ပါ့ပါး" လို့သာ အသံထွက်လေတော့ သူ နည်းနည်းတင်းသွားပြီး သားကို ကုတင်ပေါ်ပက်လက်ချကာ အပေါ်က လေးဘက်ထောက် ငုံ့မိုးလိုက်ရင်း

"ဒယ် .. ဒီ .. လိုက်ပြောကြည့် .. ဒယ် .. ဒီ"

သားက သူ့ပုံကိုကြည့်ပြီး တခစ်ခစ်ရယ်တော့ သူက စိတ်ဆိုးပြီး သားရဲ့နဖူးကို လက်ညိုးဖြင့် ဖွဖွထိုးကာဖြင့်

"ဟိတ်ကောင် .. အာရုံစိုက်စမ်းကွာ .. ဒီမှာ သင်ပေးနေတယ်လေ .. လိုက်ပြော .. ဒယ် .. ဒီ"

"ပါ့ပါး"

"ဟား .. ဟိတ်ကောင်"

"ဂျေရယ် .. သားက ခုမှ စကားစပြောတတ်ကာစကို ဘယ်လိုလုပ် ဒယ်ဒီလို့ခေါ်တတ်ဦးမှာလဲ"

THE CREATOR JWhere stories live. Discover now