Part 21

15K 1.4K 285
                                    

Unicode

အငွေ့ထောင်းထောင်းထနေတဲ့ကော်ဖီခွက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်း အိပ်ယာခင်းနေတဲ့ သူ့ကို ဂျောင်ဂု မကျေမနပ်ကြည့်နေမိသည်။

လက်တွေအေးနေတဲ့လူကို ကော်ဖီဖျော်ပေးပြီး ပူခြစ်နေတဲ့ကော်ဖီခွက်ကို ကိုင်ခိုင်းတဲ့နည်းနဲ့ လက်တွေနွေးအောင် လုပ်ပေးလိုက်တာပေါ့။

ဟား .. ဒီလိုလုပ်ရင် နွေးတယ်လို့ သူ့ကို ဘယ်သူက ပြောလို့လဲ။

"အင်္ကျီလဲထားမလား"

အိပ်ယာခင်းပြီးသွားတော့ သူက လူကို ကြည့်ပြီး ပြောလာသည်။

"မလဲဘူး"

ဘောက်ဆတ်ဆတ်ပြန်ဖြေလိုက်တော့လည်း သူက အေးဆေးပဲ ခေါင်းတစ်ချက်ညိတ်ပြီး ထပ်မပြောတော့။

သူ့စတ်ိုင်လ်ကိုက အမြဲအေးဆေးပြီး တည်ငြိမ်
နေတာ ဟ်ိုးအရင်တည်းက။

ကင်မ်ထယ်ယောင်းတို့ အေးစက်စက်နိုင်လွန်းပုံများ ကိုင်ပေါက်ချင်လောက်တဲ့အထိ။

သူကသာ အေးစက်နေတာ ဒီကောင်ကတော့ သူ့မျက်နှာမြင်ရင်က်ို ရူးခါနေပြီ။

"မင်း ကုတင်ပေါ်မှာ အိပ်လိုက်"

သူ့အခန်းက ကိုယ့်အခန်းရဲ့တစ်ဝက်စာတောင်မရှိပဲ တစ်ပုံစာ ခပ်ကျဉ်းကျဉ်း။

တစ်လုံးတည်းသော ကုတင်က အခန်းကျဉ်းထဲ ထီးထီးကြီး နေရာယူနေပြီး သားရဲ့ပုခက်က ကုတင်ခြေရင်းမှာ။

သူက က်ိုယ့်ကို သူ့ကုတင်မှာ နေရာပေးပြီး ကုတင်ဘေးအောက်ဘက်မှာ အိပ်ယာခင်းကာ နေရာယူရန်ပြင်သည်။

ဒီနေရာသေးသေး ကျောတစ်ခင်းစာက်ို သူ ဘယ်လိုအိပ်မှာတဲ့လဲ ..။

ကုတင်သာမရှိရင် ကြမ်းပြင်မှာပဲ အိပ်ယာခင်းပြီး တစ်ပြေးတည်း ခင်းအိပ်လို့ရနိုင်သည်။

အတူအိပ်ချင်လ်ို့တော့ လုံးဝ မဟုတ်ပေမယ့် ဒီကုတင်က ဘာလို့ ထော်လော်ကန့်လန့်နဲ့ လာရှိနေရတာလဲ ..။

သူ ခင်းထားတဲ့ အိပ်ယာပေါ် လက်နဲ့ ထောက်ကြည့်လိုက်တော့ အိပ်ယာခင်းထားတာတောင် အောက်က အအေးဓာတ်အတော်ရနေသည်။

THE CREATOR JWhere stories live. Discover now