Part 25

15.1K 1.5K 204
                                    

Unicode

အသက်ရှုနေတဲ့ လေခပ်မျှင်းမျှင်းလေးက သူ့နှာသီးဖျားမှတစ်ဆင့် ထယ်ယောင်းရဲ့နဖူးထက်သို့ စည်းချက်မှန်မှန်ဖြင့် လာရိုက်ခတ်နေ၏။

နိုးနိုးချင်း မျက်လုံးဖွင့်ကြည့်လိုက်တာနဲ့ မြင်လိုက်ရတဲ့မြင်ကွင်းက မဆုံရတာကြာပြီဖြစ်တဲ့ နှုတ်ခမ်းတစ်စုံအောက်က မှဲ့အနက်လေး။

အရင်ကဆို ထယ်ယောင်းမျက်လုံးတွေ ဖွင့်လိုက်တာနဲ့ ဒီမှဲ့အနက်လေးနဲ့ အရင်ဆုံရတာ။

သူက ထယ်ယောင်းရဲ့တစ်ကိုယ်လုံးကို ထွေးထွေးပွေ့ထားကာ အိပ်မောကျနေသည်။

မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ သူ့ရင်ခွင်ကျယ်ထဲမှာဆိုတဲ့အသိက ရင်ထဲ ခပ်လှပ်လှပ်ဖြစ်စေသည်။

သူထွေးပွေ့ထားသောကြောင့် ဒီဇင်ဘာမနက်ခင်း ခပ်စောစောမှာတောင် နွေးနေသယောင်ရှိသည်။

သူ့လက်တွေကြားကနေ မရုန်းချင်သေး .. ဒီလို သူ့ရင်ခွင်ထဲမှာ မအိပ်ရတာ တော်တော်ကြာနေပြီပဲ မဟုတ်လား ..။

သူ့ရဲ့နှာသီးဖျားက ဝင်လေ ထွက်လေထဲမှာ Alcohol အနံ့တောင် တချက်တချက် ပါလာသည်။

"အမူးသမား"

သူ့မျက်နှာကို မော့ကြည့်ကာ ခပ်တိုးတိုး တစ်ကိုယ်စာ ကြားလောက်ရုံ ဆိုလိုက်သည်။

ညက မူးမူးနဲ့ တောက်လျှောက် ထယ်ယောင်းကို ရစ်သည့်အပြင် မအိပ်ခင်မှာ ပလုံးပထွေးဖြင့် ထွေရာလေးပါး လျှောက်ပြောနေသေးသည်။

သူ့မျက်နှာကို မော့ကြည့်နေရင်းမှ ဘာမှန်းမသိသော ခပ်လေးလေး ခံစားချက်ကြောင့် သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုး ခိုးချမိသည်။

သူသာ ထယ်ယောင်းကို ယုံကြည်ပေးခဲ့ရင် ..။
သူသာ ထယ်ယောင်းကို နားလည်ပေးခဲ့ရင် ..။

ပြဿနာတွေဟာ အများကြီး မကြီးလာသလို အခြေအနေတွေကလည်းပဲ ဒီလောက်ထိ ဖြစ်လာခဲ့မှာ မဟုတ်။

ချစ်လို့ သဝန်တိုတယ်ဆိုတဲ့စကားက ကြားရတာသာ ကြည်နူးစရာကောင်းတာ လက်တွေ့မှာစိတ်မသက်သာနေခဲ့။

သူ့ကို ထယ်ယောင်းကပဲ ဒီထက်ပိုပြီး နားလည်ပေးလိုက်ရမလားဆိုပြီး သူနဲ့မဝေးချင်တာမို့ ညတိုင်းနီးပါး စဉ်းစားဖြစ်ခဲ့ပေမယ့် သူ့ရဲ့လောင်းရိပ်အောက်ထဲ ပြန်ဝင်ဖို့ နောက်တွန့်နေမိဆဲ။

THE CREATOR JWhere stories live. Discover now