Part 14

13.6K 1.3K 175
                                    

Unicode

"ကျွန်တော် အနားယူတော့မှာမို့ နောက်ပိုင်း project ကိစ္စတွေဆိုရင် မန်နေဂျာဟန်ကိုပဲ ဆက်သွယ်ပြီး ပြောပေးပါ"

"ကျွန်တော်ကတော့ ခင်ဗျားနဲ့ပဲ ပြောချင်တယ် အတွင်းရေးမှုးကင်မ် .. ခင်ဗျားလို တော်တဲ့လူတစ်ယောက်အနားယူမယ်ဆို သိပ်နှမြောဖို့ကောင်းနေမှာ"

ထပ်ပြီး သီးသန့်မတွေ့လိုတော့တာမို့ Zen ဆိုတဲ့လူကို အလိမ္မာဖြင့် အနားယူတော့မယ့်အကြောင်းပြပြီး ငြင်းပေမယ့် ဒီလူက အတော်အရစ်ရှည်လွန်းသည်။

"ဘာလို့အနားယူတာလဲ .. ဥက္ကဌဂျွန်က သူ့ယောင်္ကျားချောချောလေးကို စိတ်မချလို့တဲ့လား"

မခန့်လေးစားမျက်နှာပေးဖြင့် စပ်ဆုတ်ဖွယ်အပြုံးချိတ်ထားပြီး ဘောင်ကျော်တဲ့စကားတွေလာပြောနေတဲ့ဒီလူကို လုပ်ငန်းခွင်မှာသာမဟုတ်ရင် ထယ်ယောင်း ဒေါသထွက်လွန်းစွာ တစ်ခုခုလုပ်ပစ်လောက်မိပြီ။

"Mr. Zen က သူများအကြောင်းကို အတော်စိတ်ဝင်စားတာပဲနော် .. လုပ်စရာအလုပ်မရှိတဲ့အတိုင်း"

"စိတ်ဝင်စားရတာပေါ့ အတွင်းရေးမှုးကင်မ်ရယ် .. ခင်ဗျားက ကျွန်တော်ရဲ့မိတ်ဆွေပဲကို အဟက်"

ဆက်တိုက်ကို အမြင်ကတ်စရာစကားတွေကြောင့် ထယ်ယောင်းမှာ ထိန်းထားသည့်ကြားက ဒေါသကြောင့် ကိုယ့်အသက်ရှုသံပြင်းပြင်းတောင် ကိုယ်ပြန်ကြားရသည်အထိ။

"ပြောစရာမရှိတော့တာမို့ ခွင့်ပြုပါဦး"

ဘယ်လိုပဲ တစ်ဖက်လူက ဆွဲရိုက်ချင်စရာကောင်းနေပါစေ professional ဆန်လွန်းသော ထယ်ယောင်းအဖို့ မျက်နှာမပျက်စေရပဲ ပြုံးပြနှုတ်ဆက်ပြီး သူ့ရှေ့က လှည့်ထွက်ခဲ့ပေမယ့်

"ဒါနဲ့ .. ခင်ဗျား ဒီလို ကျုပ်နဲ့လာလာတွေ့နေတာ ဥက္ကဌဂျွန်မသိဘူး မှတ်တယ်"

ထယ်ယောင်းခြေလှမ်းများ ရပ်သွားမိသည်။

"မနေ့ညက ပွဲမှာ ကျွန်တော် ဥက္ကဌဂျွန်နဲ့တွေ့ခဲ့တယ် .. ဥက္ကဌဂျွန်က ကျွန်တော်ကို သိတောင်မသိဘူးဆိုတော့ အတွင်းရေးမှုးကင်မ်က ကျွန်တော့်အကြောင်း မပြောပြထားဘူးထင်တယ်"

THE CREATOR JWhere stories live. Discover now