Part 30

16K 1.4K 380
                                    

Unicode

"သွားမယ်ဆိုရင်လည်း အသိပေးသွားမှပေါ့ .. ဒီလို ရုတ်တရပ်ကြီးပျောက်သွားလ်ို့ ဖြစ်မလား .. ဖုန်းဆက်တော့လဲ ဖုန်းမကိုင်ဘူး တစ်ညလုံး .. ငါ ဘယ်လောက်စိတ်ပူနေလဲ သိလား"

ညသန်းခေါင်ကြီး အိမ်ကနေ ပျောက်ချင်းမလှပျောက်သွားတာမို့ အဘွားက ထယ်ယောင်းက်ို ဒေါနဲ့မောနဲ့ ဆူပူနေတာဖြစ်သည်။

ထယ်ယောင်းကလည်း ထယ်ယောင်းပါပဲ ..။

မနေ့ညက သူ့ကို တအားစိတ်ပူသွားတာမို့ ညတွင်းချင်း သူ့ဆီ ထ သွားခဲ့တာကြောင့် အိမ်က ဘယ်သူ့က်ိုမှလဲ မပြောသွားမိ။

ဒီနေ့မနက် ၅ နာရီခွဲ ဘွားဘွားဖုန်းဆက်လာမှ အိမ်ကိုမပြောခဲ့တာ သတိရပြီး ဒယ်ဂူးကို ပြန်လာခဲ့ရသည်။

"ဂျွန်ဂျေ အော်င်ိုနေမှ နင်မရှိမှန်း ငါတို့သိတယ် .. ငါ့မြေးကို တစ်ယောက်တည်းထားခဲ့စရာလား .. ထယ်ယောင်းဂီး နင်ဟာလေ"

ဘွားက ပြောရင်းနဲ့ ဒေါသထွက်လာသလို ထယ်ယောင်းကို လှမ်းရိုက်ဖို့ ရွယ်တော့ သူက အရှေ့မှ ကမန်းကတမ်း ဝင်ရပ်ကာ ကာသည်။

"ခဏ ခဏ .. အဘွား ရိုက်ချင်ရင် ကျွန်တော့်ကို ရိုက် .. ကျွန်တော်ခေါ်လိုက်လို့ သူ ရောက်လာရတာ"

"ဂျေ .. မဟုတ်တာတွေ"

မဟုတ်တာတွေ လျှောက်ပြောနေတာမို့ ထယ်ယောင်း ဝင်ပြောမလို့ကြိုးစားပေမယ့် သူက ပြောခွင့်မပေး။

သူ့တစ်ကိုယ်လုံးဖြင့် ထယ်ယောင်းကို ပစ်ကွယ်ပေးထားပြီး လက်နောက်ပြန်နှင့်တောင် ထယ်ယောင်းလက်ကို ဆုတ်ကိုင်ဖျစ်ညှစ်ထားပေးသေးသည်။

"ကျွန်တော် တောင်းပန်တယ် .. နောက်မဖြစ်စေရဘူး အဘွား"

သူ့ရဲ့တောင်းပန်စကားနဲ့ ကတိစကားကို ဘွားက အသိမှတ်ပြုဟန်ခေါင်းတဆတ်ဆတ်ညိတ်ရင်း

"ဘွားက မင်းတို့ကို အပြစ်ပြောတာမဟုတ်ပါဘူး .. မိဘဖြစ်နေပြီဆိုတော့ ကိုယ့်သားသမီးကို သေချာဂရုစိုက်စေချင်တာ .. မနေ့ကဆို ကလေးက တစ်ယောက်တည်း အခန်းထဲမှာ ကျန်ခဲ့တာလေ .. တစ်ခုခုဖြစ်ရင်တောင် သိမှာမဟုတ်ဘူး .. ဘွားက စိတ်ပူသွားတာ"

THE CREATOR JWhere stories live. Discover now