Part 12

14K 1.3K 201
                                    

Unicode

"မန်နေဂျာဟန် .. ကျွန်တော့်ကို နော်ဝေးနဲ့ ချုပ်ထားတဲ့စာချုပ်တွေ အကုန်ထုတ်ပေးပါ"

အလျှင်စလိုပြောပြီး ထယ်ယောင်း ရုံးခန်းထဲက ဖိုင်တွေကိုပါ အမြန်ဆွဲထုတ်နေမိသည်။

ထယ်ယောင်း ရုံးကို ရောက်နေတာ ဂျေ မသိပါ .. တမင်လဲ သူ့ကို မသိစေချင်တာမို့ သူ အစည်းဝေးသွားနေတဲ့အချိန်ကို မန်နေဂျာဟန်ကို မေးပြီး ထွက်လာခဲ့ခြင်း ဖြစ်သည်။

"ဒီမှာပါ .. အတွင်းရေးမှုးကင်မ်"

မန်နေဂျာဟန်ပေးသော ဖိုင်အချို့ကို လှမ်းယူပြီးနောက် ခုံမှာ ထိုင်ချလိုက်ပြီး အပေါ်ဆုံးတစ်ဖိုင်ကို စတင်လှန်ကြည့်လိုက်သည်။

"White House" ဆိုသော Company နာမည်နဲ့ စာချုပ်တွေရဲ့လက်မှတ်က CEO Zen ရဲ့ လက်မှတ်တွေချည်းပဲ ဖြစ်ပြီး စာချုပ်ဖျက်ရင် ပေးလျော်ရမယ့်တန်ဖိုးတွေကလည်းပဲ Zen ပြောသလို အဆတစ်ရာဆိုတာကို မသိမသာ မှေးမှိန်စွာ အသေးစာလုံးများဖြင့် ရေးထားသည်။

"ဟား .. တကယ်ပါပဲ"

တမင်ကို လျော်ကြေးတန်ဖိုးအား သတိမထားမိအောင် ရေးထားမှန်း ပေါ်လွင်သည်။

နောက်ပြီး သဘောတူညီချက်နဲ့ သူတို့လိုချင်တဲ့အချက်တွေက ဆီလျော်မှုမရှိပဲ မဖြစ်နိုင်တာတွေ ရေးထားတာ ခပ်များများပင်။

ဟိုတယ်ပရောဂျက်တစ်ခုမှာဆို ဆောက်ရမယ့်ဟိုတယ်အရောင်ကို မပြောသေး .. အုပ်ခဲဘယ်နှစ်ချပ်သာ သုံးရမည်ဆိုတဲ့ အရေးမပါတဲ့ တောင်းဆိုချက်များ။

ဒါတွေဟာ တမင်ရည်ရွယ်ချက်ရှိရှိ အလျော်လိုချင်လို့ လုပ်တာမဟုတ်ဘူးလား ..။

"မန်နေဂျာဟန် .. ဒါတွေကို ခင်ဗျား သေချာမစစ်ပေးဘူးလား"

"ကျွန်တော် .."

"ကျစ် .. ဟူး"

မန်နေဂျာဟန်ကို စိတ်ရှုပ်စွာ အပြစ်တင်မိပေမယ့် တကယ်တမ်း အက္ခရာက ဂျေပဲ မဟုတ်လား။

"သူတို့ နောက်တစ်ပတ် ကုမ္မဏီကို လာမယ်ပြောတယ် အတွင်းရေးမှုးကင်မ် .. ထုံးစံအတိုင်း အတွင်းရေးမှုးကင်မ်နဲ့ပဲ CEO Zen က တွေ့ဖို့ပြောနေတယ် .. အဲ့ဒါ အစ်ကိုလေးကို အသိပေးလိုက်ရမလား"

THE CREATOR JWhere stories live. Discover now